Celebrity News

ပိတ်ရက်မှာ အကိုအကြီးဆုံး Xiumin ရဲ့ musical ကို သွားအားပေးခဲ့ကြတဲ့ Suho နဲ့ Sehun လေး

Xiumin ရဲ့ “Hadestown” musical ဟာ လွန်ခဲ့တဲ့ လတွေထဲက ပြသဖို့ စီစဉ်နေခဲ့တာ ဖြစ်ပြီး ဒီကြားထဲမှာ Xiumin ဟာ Covid 19 ဖြစ်ခဲ့တာကြောင့် ပြသဖို့အချိန်စာရင်း ရွေ့ခဲ့ရပါသေးတယ်။ ဒါပေမဲ့ Xiumin ဟာ အမြန်ပြန်သက်သာလာတာမို့ နေပြန်ကောင်းတာနဲ့ တပြိုင်နက် musical ကို အရင်လုပ်ခဲ့ပါတယ်။

Xiumin ဟာ ဒီ musical အတွက် အတော်ကြိုးစားအားထုတ်ထားတာဖြစ်ပြီး သူတတ်ကျွမ်းတဲ့အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းကို ပိုကောင်းအောင်လေ့ကျင်ရုံသာမက ဂစ်တာတီးတာကိုပါ ထပ်ဆောင်းလေ့ကျင့်ခဲ့ပါတယ်။ နည်းနည်းလည်းပိန်သွားပေမဲ့ xiumun ဟာ ပြဇာတ်ကရတာ ပျော်ကြောင်း interview တွေမှာ ဖြေခဲ့ပါတယ်။

Xiumin ဟာ အဖွဲ့ဝင်တွေမပါဘဲ သူ့ရဲ့တကိုယ်တော် ပြဇာတ်ကို က ရတာ ဖြစ်လို့ သူ့ရဲ့ညီငယ်လေးတွေ လာရင်အားတက်မှာ သေချာပါတယ်။ ဒီနေ့ နေ့လည် ၂နာရီ (KST) time မှာဘဲ xiumin ကို အားပေးဖို့ Leader “Suho” နဲ့ အငယ်ဆုံးလေး “Sehun” ဟာ ပွဲထဲကို ရောက်ချလာခဲ့ပါတယ်။ နှစ်ယောက်လုံးဟာ အင်္ကျီအမည်းရောင် လက်ရှည်လေး ဝတ်ထားပြီး ဆောင်းထားတဲ့ ဦးထုပ်တွေကလည်း အမည်းရောင်ပါ။

ပရိသတ်တွေကြားမှာ နှစ်ယောက်သား တူတူထိုင်ပြီး xiumin ကို အားပေးခဲ့တယ်လို့ သူတို့ကိုတွေ့လိုက်ရတဲ့ fan တွေက ဆိုပါတယ်။ “စစ်မှုထမ်းနေရတဲ့ suho”နဲ့ “ရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ sehun” နှစ်ယောက်စလုံးက သူတို့ရဲ့ အားလပ်ချိန်ကို xiumin အတွက်ဖဲ့ပေးခဲ့လို့ Xiumin တော့ပျော်နေမှာ သေချာပါတယ်နော်။

Source: Twitter
Written: Violet