Celebrity News

BL ချစ်သူလေးတွေကို စောင်ကိုက်ပြီးအာခေါင်ခြစ်အော်စေတဲ့အထိ ပြုစားခဲ့ကြတဲ့ ကောင်ဆိုးလေးများ

BL actor တစ်ယောက်ရဲ့ ဖမ်းစားနိုင်မှုတွေက အင်မတန်မှကို ကြောက်ဖို့ကောင်းလှပါတယ်။ အခက်မသင့်ရင် သင့်ကို ခဏတာ အသက်ရှုရပ်သွားစေတာမျိုး၊ စောင်တွေကိုက်၊ ခွခေါင်းအုံးတွေဆွဲကုတ်ပြီး အာခေါင်ခြစ်အော်စေတဲ့အထိ ဖြစ်သွားစေပါတယ်။ ဒါ့ကြောင့် မင်မင်က ကိုယ်တွေကို အဲ့လိုဖမ်းစားနိုင်ခဲ့တဲ့ BL မင်းသားလေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။

Bright Vachirawit

အရမ်း hot တဲ့ Bright လိုကောင်လေးမျိုးက BL series ရဲ့ MC ဖြစ်နေတဲ့အခါမျိုးမှာ သင့်ကို အသည်းယားစရာ အခိုက်အတန့်တွေ သည်းခံနိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်နေသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ Ro ချက်တွေ၊ အပြုံးတွေ၊ အကြည့်တွေကစလို့ “2gether” ရဲ့ Bright ကတော့ အာခေါင်ခြစ်အော်ရလောက်တဲ့အထိ ရူးခါစေခဲ့တာပါ။

Mew Suppasit

Mew လိုမျိုး BL actor မျိုးတွေ ပိုင်ဆိုင်ထားခဲ့တဲ့ ထိုင်း entertainement industry ရဲ့ အနာဂတ်ကတော့ တောက်ပလို့နေခဲ့ပါပြီ။ “TharnType” ထဲက BL ကိုမှာ Daddy type မျိုးလေးအဖြစ် အကောင်းဆုံး သရုပ်ဆောင်သွားပြခဲ့ပြီး ပရိသတ်တွေကို အူတွေအသည်းတွေယားအောင် ပြုစားသွားခဲ့ပုံများ ပရိသတ်တွေ အသိဆုံးပါပဲနော်။

Off Jumpol

ကိုယ်တွေကို ရူးခါစေခဲ့တဲ့ BL actor အကြောင်းတွေကို ပြောကြတဲ့အခါ Off Jumpol လေးကိုလည်း မေ့ထားလို့မရပါဘူးနော်။ Series အမြောက်အမြားမှာ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး “Theory of Love” မှာတော့ worldwide ရဲ့ ပရိသတ်တွေကိုတော့ ရူးသွပ်သွားစေခဲ့ပါတော့တယ်။

Source: Thaidaily
Written: Hachi
Photos: Instagram