Celebrity News

Kpop လောကမှာမမြင်တွေ့နိုင်လောက်အောင်ရှားတဲ့ Idol Gender အရောဓာတ်ပုံရိုက်ကူးရေးများ

Kpop Idol တွေဟာ ကြော်ငြာအတွက်ပဲဖြစ်ဖြစ် ဘယ်လိုအရာအတွက်ဖြစ်ပါစေ တစ်ယောက်တည်းသီးသန့် ဒါမှမဟုတ် အဖွဲ့အစည်းလိုက်သာ ရိုက်ကူးလေ့ရှိကြပါတယ်။ ဒါပေမယ့်အရင်အချိန်တွေကတော့ အဖွဲ့မတူရုံတင်မကပဲ မိန်းကလေးယောက်ျားလေး Idol တွေရောယှက်ကာရိုက်ကူးခိုင်းခဲ့တာကြောင့် သူတို့ကို ဒဏ္ဍာရီဆန်စွာရိုက်ကူးနိုင်တဲ့ပုံတွေလို့ပြောကြပြီး မင်းသမီးနဲ့ Idol ယောက်ျားလေးတွေနဲ့ရောရိုက်တာကတော့ခြွင်းချက်ပဲဖြစ်ပါတယ်။

Sehun, Irene

EXO အဖွဲ့ရဲ့အငယ်ဆုံးလေး Sehun နဲ့ SM မောင်နှမတွေဖြစ်ကြတဲ့ အေဂျင်စီတူ Red Velvet အဖွဲ့ဝင် Irene တို့ Ceci မဂ္ဂဇင်းမှာ အတူရိုက်ကူးခဲ့တာပါ။ SM ကပျိုးထောင်ထားတဲ့ကလေးတွေပီပီ Visual တွေကတော့ပြောစရာမလိုအောင်ကို ပရိတ်သတ်တွေကိုချစ်စေခဲ့ကြတာပါ။ “Make A Promise” ဆိုတဲ့ Campaign မှာ Louis Vuitton နဲ့ UNICEF တို့က Sehun နဲ့ Irene တို့ရဲ့ပန်းပွင့်လေးလို လှပလွန်းတဲ့ Visual တွေကိုပေါင်းစည်းစေခဲ့ပါတယ်။

Kai, Krystal, Taemin

EXO အဖွဲ့ဝင် Kai နဲ့ SHINee အဖွဲ့ဝင် Taemin တို့ဟာအခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတာကို သိပြီးကြမှာပါနော်။ သူတို့နှစ်ယောက်နဲ့အတူ အခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ လှပလွန်းသူ Krystal နဲ့ပါပေါင်းစပ်ပြီး W Korea Magazine ကိုရိုက်ကူးခဲ့ကြပါတယ်။ 2015 မှာရိုက်ကူးခဲ့ကြပြီး အရင်ခေတ် 90 ခုနှစ်တွေတုန်းကပုံစံကို အင်္ကျီတွေထိသေချာပြင်ဆင်ရိုက်ကူးပေးခဲ့ကြတာပါ။

Kai, YoonA

လှပလွန်းတဲ့ Visual တွေလို့ပြောပြစရာမလိုအောင်ကို အဝေးကနေကြည့်လိုက်ရုံနဲ့ လှပလွန်းနေခဲ့ကြတာပါ။ ELLE Magazine အတွက် 2016 မှာရိုက်ကူးခဲ့ကြပြီး ဒါဟာပထမဆုံးအကြိမ်မဟုတ်ပဲ 2012 တုန်းကလည်း W Korea အတွက် SM ရဲ့ဒီ Visual မောင်နှမနှစ်ယောက်ကရိုက်ကူးခဲ့ကြပါသေးတယ်။

Jackson, Jinyoung, Somi

JYP မိသားစုကတော့ ဘယ် Idol မဆိုတစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုရှိလွန်းကြတာသိမှာပါ။ JYP မှာသုံးယောက်လုံးရှိကြတုန်းက မောင်နှမသုံးယောက်လုံး HIGH CUT မဂ္ဂဇင်းအတွက် ရိုက်ကူးခဲ့ကြပြီး Visual တွေကတော့ နိုင်ငံခြားပုံစံချောမောနေတဲ့ Jackson နဲ့ Somi ပန်းပွင့်လေးလိုလှပလွန်းတဲ့ Jinyoung ရဲ့ Visual တွေနဲ့ ပရိတ်သတ်တွေကိုကျေနပ်စေခဲ့ပါတယ်။ Calvin Klein ရဲ့ “CK All” ဆိုတဲ့ ကျားမမရွေးသုံးစွဲနိုင်တဲ့ရေမွှေးလေးကို ကြော်ငြာစေခဲ့ပြီး ငယ်ရွယ်မှုကိုဖော်ပြနေခဲ့ပါတယ်။

Changmin, Yunho, Seohyun

အသက်ကြီးပေမယ့်လည်း ချောလွန်းကြတဲ့ Idol လောကရဲ့နာမည်ကြီး TVXQ အဖွဲ့ဝင်နှစ်ယောက်နဲ့အတူ Girls’ Generation အဖွဲ့ဝင်အငယ်ဆုံးလေး Seohyun တို့အတူ Ceci Magazine အတွက်ရိုက်ကူးခဲ့ကြတာပါ။ မဂ္ဂဇင်းရဲ့နိုဝင်ဘာ 2012 အတွက်ရိုက်ကူးခဲ့ကြပြီး TVXQ World Tour နဲ့ Girls’ Generation Japanese Promotion ကာလမှာထွက်ရှိလာခဲ့ပါတယ်။

Source: Koreaboo
Written: Reo
Photo: Credit