Celebrity News

စိတ်ညစ်နေကြတဲ့ BLINK လေးတွေကို Dance Practice video သစ်လေးနဲ့ suprise တိုက်ခဲ့တဲ့ Lisa

ကောင်မလေးရဲ့ activity တစ်ခုချင်းစီတိုင်းကတော့ ကိုယ်တွေကို အမြဲတမ်း ​အသက်ရှုဖို့မေ့စေခဲ့တာပါပဲနော်။ အောက်တိုဘာလ ၁၁ ရက်နေ့ ညနက်ပိုင်းမှာတော့ Lisa လေးက သူမရဲ့ ပွဲဦးထွက် “LALISA” album ထဲက B-side track လေးဖြစ်တဲ့ “Money” ရဲ့ official dance practice video လေးကို ချပြလို့သွားခဲ့ပါပြီ။

Lisa ရဲ့ ထုံးစံအတိုင်းပဲ ဒီ dance practice video လေးမှာလည်း BLINK လေးတွေကို ကြွေဆင်းသွားစေနိုင်တဲ့ ကကွက်အလန်းစားတွေနဲ့အတူ ဂီတထဲကို စီးမြောနိုင်သွားမှုတို့က အနုပညာဆန်လွန်းလှပြီး နောက်က backup dancer လေးတွေကလည်း cool ဖြစ်လွန်းလှတဲ့ formation နဲ့အတူ Queen Lisa လေးကို အကောင်းဆုံး support ပေးသွားတာကို မြင်တွေ့ရမှာပါ။

Lisa က သူမရဲ့ ပွဲဦးထွက် album လေးမှာပဲ သမိုင်းဝင် အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပူပူနွေးနွေး ဂရင်းနစ်စံချိန် ၂ ခုကိုလည်း ပိုင်ဆိုင်ထားခဲ့သူပါ။ သေချာတာတစ်ခုကတော့ စက္ကန့်နဲ့အမျှ ရွေ့လျားနေတဲ့ သူမရဲ့ စည်းချက်ညီညီလှုပ်ရှားမှုတိုင်းက Lisa တစ်ယောက် ဘာ့ကြောင့်အခုလိုမျိုး အောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ အထင်ကရ idol ဖြစ်နေရတာလဲဆိုတာကို ရှင်းပြပေးသွားပါလိမ့်မယ်။

You slay it again Queen Lisa!

Source: Soompi
Written: Hachi
Photos: Instagram