Celebrity News

မို​းရေစိုပြီး ​ချော​နေတဲ့ စတိတ်စင်​ကြောင့် ​ဖျော်​ဖြေ​မှုလုပ်​နေစဉ် အန္တရာယ်နဲ့ ကြုံခဲ့ရတဲ့ NCT127 နဲ့ ITZY

​အောက်တိုဘာလ ၁၀ ရက်​နေ့တုန်က “Ontact 2021 Gangnam Festival K-Pop Concert” ကို ကျင်းပပြုလုပ်ခဲ့ပြီး Rain, ITZY, NCT127, Brave Girls နဲ့ Laboum တို့က ပါဝင်​ဖျော်​ဖြေခဲ့ကြပါတယ်။ အဲ့ဒီပွဲဟာ outdoor မှာ ကျင်းပပြုလုပ်တာဖြစ်ပြီး မိုး​တွေလည်း ရွာ​နေခဲ့တာ​ကြောင့် Idol ​တွေ ဖျော်​ဖြေရတဲ့ စင်မြင့်ဟာ သူတို့အတွက် လုံခြုံစိတ်ချရမှုမ​ရှိခဲ့ပါဘူး။ NCT 127 အဖွဲ့ဟာ ထိုပွဲမှာ သူတို့ရဲ့ သီချင်းအသစ် “Sticker” နဲ့ “Lemonade” အပြင် ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Kick It” သီချင်း​တွေနဲ့ ​ဖျော်​ဖြေခဲ့ပါတယ်။ မိုးရွာ​နေတာ​ကြောင့် စင်​ပေါ်မှာ ​ရေ​တွေရှိ​နေပြီး ​ဖျော်​ဖြေမှုအချို့ ပြီးသွားတိုင်း ကြားအချိန်မှာ ဝန်ထမ်း​တွေက စင်ကို ​ရေသုတ်ပြီး သန့်ရှင်း​ရေးလုပ်​ပေမဲ့ စင်က အရမ်းကို ​ချော​နေခဲ့ပါတယ်။

“Kick It” သီချင်းနဲ့ ​ဖျော်​ဖြေချိန်မှာ​တော့ NCT127 အဖွဲ့ဝင် Jaehyun ဟာ ​ချော်လဲပြီး ကြမ်းပြင်​ပေါ်ကို ပြုတ်ကျခဲ့ပါ​တော့တယ်။ ဒါ​ပေမဲ့ သူဟာ အလျင်အမြန် ပြန်ထပြီး ​ဖျော်​ဖြေမှုကို ​ချော​ချော​မွေ့​မွေ့ဆက်လုပ်နိုင်ခဲ့တာ​ကြောင့် သူ့ရဲ့ ပ​ရော်ဖက်ရှင်နယ်ကျမှုအတွက် ပရိသတ်​တွေက ​“YOU DID WELL JAEHYUN” ဆိုပြီး​တောင် Twitter မှာ trend ခဲ့ကြပါတယ်။ သို့​သော်လည်း Jaehyun ပြုတ်ကျတဲ့အချိန်မှာ သူ​ထောက်လိုက်တဲ့ လက်က ယခုနှစ်အ​စောပိုင်းမှာ ထိခိုက်မိထားတဲ့ လက်နဲ့ အတူတူပဲဖြစ်​နေတာ​ကြောင့် ပရိသတ်​တွေက စိုးရိမ်ပူပန်​နေခဲ့ကြပါတယ်။

ဒါ့အပြင် Doyoung ဟာလည်း “Lemonade” သီချင်း​ဖျော်​ဖြေ​နေစဉ် ​ချော်လဲကျခဲ့ပါတယ်။ ဒီလိုမျိုး ​ချော​နေတဲ့စင်မြင့်​ကြောင့် ​ဖျော်​ဖြေမှုမှာ ပြဿနာတက်ခဲ့တာ သူတို့ ၂ ဦးတည်း​တော့ မဟုတ်ပါဘူး။ NCT 127 ရဲ့ ​နောက်ထပ်အဖွဲ့ဝင်ဖြစ်တဲ့ Haechan ဟာလည်း “Sticker” ​သီချင်းကို ဖျော်​ဖြေ​နေစဉ် ​ခြေ​ထောက်လည်ကျမလိုဖြစ်သွားခဲ့ပြီး Johnny ဆိုရင်လည်း “Kick It” ​ဖျော်​ဖြေ​နေစဉ် လက်​ထောက်ရတဲ့ ကကွက်မှာ ​ချော်ပြီး လဲကျဖို့ သီသီ​လေးပဲလို​တော့​ပေမဲ့ အမြန်ထိန်းလိုက်နိုင်ခဲ့ပါတယ်။

NCT 127 အဖွဲ့ဝင်​တွေသာမကပဲ ITZY အဖွဲ့ဝင် Lia ဟာလည်း “Swipe” သီချင်းကို အဖွဲ့လိုက် ​ဖျော်​ဖြေ​နေစဉ် ကြမ်းပြင်​ပေါ်ကို အရှိန်ပြင်းပြင်း ​ချော်ကျသွားခဲ့ပါတယ်။ သို့​သော်လည်း သူမဟာ အမြန်ပြန်ထပြီး ဘာမှမဖြစ်သလို ဆက်ပြီး ​ဖျော်​ဖြေခဲ့တာ​ကြောင့် သူမကို ပရိသတ်​တွေက ​လေးစားအထင်ကြီး​နေကြသလို တစ်ဖက်မှာလည်း ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရရှိသွားမလားဆိုပြီး စိုးရိမ်​နေကြပါတယ်။

ယခင်ကလည်း ဒီလိုမျိုး လုံခြုံစိတ်ချရမှုမရှိတဲ့ စင်မြင့်​​တွေကြောင့် Idol ​တွေ ထိခိုက်ဒဏ်ရာရရှိတာ အချိန်အ​တော်ကြာအနားယူလိုက်ရတာ​တွေဖြစ်ခဲ့ဖူးတဲ့ သာဓက​တွေရှိခဲ့ပြီး အခုအခါမှာလည်း ​concert ​တွေနဲ့ နှစ်ကုန်ဆု​ပေးပွဲ​တွေက တဖြည်းဖြည်းပြန်လည်စတင်​နေပြီဖြစ်တဲ့အတွက် ပွဲစီစဉ်သူ​တွေက Idol ​တွေရဲ့ အန္တရာယ်ကင်းမှုနဲ့ လုံခြုံစိတ်ချရမှုအတွက် ပိုသတိထားပြီး အ​လေး​ပေး​ဆောင်ရွက်ဖို့ ပရိသတ်​တွေက ​တောင်းဆို​နေကြပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL