Celebrity News

“ပြည်မကြီးရဲ့ လွှမ်းမိုးမှုအပြင်းဆုံး အသက် ၃၀ အောက် ကြယ်ပွင့်များ” စာရင်းဝင် (၇) ဦး

မကြာသေးခင်ကမှ ချိုင်းနားအနုပညာလောကရဲ့ စိစစ်သုံးသပ်မှုတွေပြုလုပ်ပြီးခဲ့တဲ့နောက် ဖျော်ဖြေရေးလောကကို ကြီးစိုးထားတဲ့ အသက် (၃၀) အောက် ကြယ်ပွင့်များစာရင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီစာရင်းမှာ အဆင့်အလိုက် (၇) ဦးတိတိ ပါဝင်နေခဲ့ပါတယ်။

(1) Wang Yibo

အဆင့် ၁ နေရာကနေ ပါဝင်လာသူကတော့ Wang Yibo ပါ။ ဂီတဖက်မှာ အောင်မြင်မှုတစ်ခုရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလည်း ကြီးမားတဲ့စွမ်းဆောင်ချက်ကို ထုတ်ပြထားတာကြောင့် နိုင်ငံတကာမှာ ပရိသတ်အများအပြားကို ရရှိထားသူလည်း ဖြစ်ပါတယ်။ အနုပညာလောကထဲမှာ တဆင့်ချင်း အစွမ်းပြနေတာဖြစ်လို့ အများရဲ့အာရုံကို ကြီးစိုးထားသူပါပဲ။

(2) Yi Yang Qianxi

TFBOYS အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်မကြီးကပရိသတ်တွေရဲ့ ‌စောင့်ကြည့်အားပေးမှုကို ရရှိထားသူပါ။ သူ့အတွက် ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “You are a teenager” က အော်စကာဆုအတွက် စကာတင်ဝင်ခဲ့သလို လွှမ်းမိုးမှုအားကောင်းလာတာကြောင့် Forbes China Celebrity စာရင်းမှာလည်း အကြိမ်ကြိမ် ပါဝင်ခဲ့ပါတယ်။

(3) Wang Junkai

Wang Junkai ကလည်း TFBOYS အဖွဲ့ဝင်ပါပဲ။ အသက် (၁၃) နှစ်အရွယ်ကတည်းက နာမည်ကြီးနေသူဖြစ်ပြီး လက်ရှိ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းအခြေချရင်း ပရိသတ်အင်အား တိုးများလို့လာနေပါတယ်။

(4) Wang Yuan

နောက်ထပ် TFBOYS အဖွဲ့ဝင်ဖြစ်သူ Wang Yuan ကလည်းပဲ ဇာတ်လမ်းရုပ်ရှင်တွေဖက်ကို ကူးပြောင်းကာ အနုပညာအလုပ်တွေကို တိုးချဲ့နေပါတယ်။ ဂီတဖက်မှာလည်း မလွတ်စေရဘဲ ပရိသတ်တွေကို လွှမ်းမိုးထားနိုင်‌တာကြောင့် အဆင့် (၄) နေရာကို ရရှိထားပါတယ်။

(5) Cai Xukun

Iqiyi အစီအစဉ်ဖြစ်တဲ့ “Idol Trainee” မှာ ပထမအဆင့်ဖြင့် အနိုင်ရခဲ့ပြီးနောက် NINE PERCENT ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပြီး ဂီတနယ်ပယ်ထဲမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေပါတယ်။ Variety Show တွေမှာလည်း ပါဝင်နေတာကြောင့် Cai Xukun ဟာ ပြည်မကြီးရဲ့ လွှမ်းမိုးမှုအားပြင်းတဲ့ idol တစ်ဦးပါပဲ။

(6) Gong Jun

၂၀၁၅ ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ Gong Jun ကတော့ အဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။ Word of Honor နဲ့ ပိုမိုကျော်ကြားအောင်မြင်လာပြီးနောက် တစ်နှစ်ကို ပျှမ်းမျ ဇာတ်လမ်း ၄ ကားမှ ၅ ကားအထိ ရိုက်ကူးနေပြီး variety show တွေမှာလည်း ဆက်တိုက်ဆိုသလို ပါဝင်‌လာခဲ့ပါတယ်။ Gong Jun ရဲ့ ကျော်ကြားမှုကတော့ တနေ့တခြား များပြားနေပါတော့တယ်။

(7) Fan Chengcheng

Fan Chengcheng ကတော့ ထိပ်တန်း A-List စာရင်းဝင်မင်းသမီး Fan Bingbing ရဲ့ မောင်ဖြစ်နေတာကြောင့် ပရိသတ်တွေက အာရုံစိုက်စောင့်ကြည့်ခံရသူတစ်ယောက်ပါ။ “Idol Trainees” မှာ ပါဝင်ယှဉ်ပြိုင်ရင်း တတိယအဆင့်ဖြင့် ‌အနိုင်ရပြီးတဲ့နောက် NINE PERCENT နဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။ ခေတ်ပေါ် Bromance ဇာတ်လမ်းဖြစ်တဲ့ Chasing the light ကိုလည်း ရိုက်ကူးထားတာကြောင့် ပိုမိုလွှမ်းမိုးနိုင်လာဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။

Source: Chinatoday
Photos: Weibo
Translated by Julix