Celebrity News

တိုးတိတ်စွာလှူဒါန်းမှုတွေအကြောင်း သတင်းထွက်လာပြီးနောက် ချီးကျူးခံနေရသူ Lay

Lay Zhang က အရာရာကို နှိမ့်ချပြီး ဖြူစင်စွာပဲ ပြောဆိုဆက်ဆံလေ့ရှိတာကြောင့် သိုးလေးနဲ့တင်စားဂုဏ်ပြုကြပါတယ်။ သူ့ရဲ့နာမည်ပြောင်လေးအတိုင်း Lay Zhang ဟာ ဂုဏ်ပကာသန မက်မောခြင်းမရှိဘူးဆိုပြီး ချီးကျူးခံနေရပြန်ပါတယ်။

အကြောင်းကတော့ Zhang Yixing ဟာ Shanxi ဒေသအတွက် လိုအပ်နေသမျှကို စဉ်ဆက်မပြတ် လှူဒါန်းနေကြောင်း netizen တွေက ရှာဖွေသိရှိခဲ့ကြပါတယ်။ ဒီလို လူသိရှင်ကြား ထုတ်မပြောဘဲ တိုးတိုးတိတ်တိတ်လှူဒါန်းမှုတွေကြောင့် ဂုဏ်ကို မမက်မောတဲ့ Zhang Yixing အဖြစ် အတုယူနေကြပါပြီ။

Shanxi ဒေသအတွက် အနုပညာရှင်ပေါင်းများစွာဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပြီး အင်တာနက်တခွင်မှာလည်း ထိုလှူဒါန်းမှုတွေက ပလူပျံနေခဲ့ပါတယ်။ အများနဲ့မတူစွာပဲ Lay ကတော့ သူကိုယ်တိုင်လှူဒါန်းထားတဲ့ မြောက်မြားစွာသော အထောက်အပံ့တွေကို ဖုံးဖုံးဖိဖိနဲ့ အမြဲလှူနေတာကို netizen တစ်ယောက်က သိရှိခဲ့ရပါတယ်။

တောင်လိုပုံနေတဲ့ လှူဒါန်းတဲ့ပစ္စည်းတွေအကြောင်းကို Lay က တခွန်းမှ မဟခဲ့ဖူးတာကြောင့် အင်တာနက်တခွင်မှာ ဝုန်းဆန်သွားခဲ့ပါတယ်။ ပြောင်မြောက်ပြီး တကယ်စေတနာပါတဲ့အလှူအဖြစ် အများကလည်း ချီးကျူးနေကြပါတော့တယ်။

Lay Zhang ဟာ အလှူလုပ်တိုင်း ဂုဏ်ဆာခြင်းမရှိဘဲ အခုလိုမျိုး သိုသိုသိပ်သိပ်လုပ်တတ်ကြောင်း ပရိသတ်တွေက ဂုဏ်ယူစွာဖြင့် ပြောဆိုနေကြပါတယ်။ မြောက်မြားစွာသောပိုက်ဆံတွေကို ရှာဖွေနိုင်သူဖြစ်ပေမဲ့ Lay ဟာ လက်လွတ်စပယ်သုံးတတ်သူမျိုး မဟုတ်ပြန်ပါဘူး။

ဒါကြောင့်လည်း အားလုံးက ကျေနပ်ပီတိဖြစ်နေပြီး “သိုးပေါက်လေး (Lay Zhang) ရဲ့ လူထုအပေါ်ထားရှိတဲ့ မေတ္တာစေတနာနဲ့ စိတ်အားထက်သန်မှုတွေက အတုယူစရာပါပဲ!”, “Yixing က အမြဲအဲ့လိုပဲ.. သူ့ဆီက စိတ်ထားလေးကို အတုယူနေရတယ်”, “Lay ရဲ့ ခြေရာနင်းပြီး အနာဂတ်မှာလည်း အဲ့လိုစိတ်ထားလေးနဲ့ လူ့အသိုင်းအဝန်းမှာ ဖြတ်သန်းကြရအောင်” စသဖြင့် ကိုယ့် idol ရဲ့ ရိုးရှင်းမှုကို ဂုဏ်ပြုရင်း အတုယူနေကြပါတယ်။ သိုးပေါက်လေး Lay Zhang ကိုကြည့်ရင်း နှိမ့်ချဆက်ဆံတတ်ဖို့၊ စိတ်ထားတတ်ဖို့နဲ့ အလုပ်ကြိုးစားဖို့‌အတွက် အတုယူနေရပါတော့တယ်။

Source: Sohu
Photos: Sohu
Translated by