Celebrity News

Yumi’s Cells ထဲက Jinyoung ပုံကို Twitter မှာတင်ပြီး ​ဆေးထိုးလိုက်ပြန်တဲ့ BamBam

BamBam က​တော့ ​အောက်တိုဘာလ ၁၀ ရက်​​နေ့က သူ့ရဲ့ Twitter မှာ Jinyoung ကို ​ဆေးထိုးလိုက်ပြန်ပြီဖြစ်ပါတယ်။ BamBam ဟာ အမှန်​တော့ လက်ရှိပြသ​နေတဲ့ TVING ဇာတ်လမ်းတွဲ “Yumi’s Cells” မှာ ပါဝင်သရုပ်​ဆောင်ထားတဲ့ Jinyoung ကို အား​ပေး​ကြောင်းပြသတာဖြစ်ပါတယ်။

ဒါ​ပေမဲ့ BamBam ရဲ့ ထုံးစံအတိုင်း Jinyoung ကို စ​နောက်လို့ရတဲ့ အခွင့်အ​ရေးကိုလည်း သူက လက်လွှတ်မခံခဲ့ပါဘူး။ “Yumi’s Cells” ရဲ့ ​နောက်ဆုံးထုတ်လွှင့်ထားတဲ့ အပိုင်းမှာ Jinyoung ဟာ မင်းသမီး​လေးတစ်ပါးလို ​ချော​မောလှပတဲ့ ရုပ်ရည်ကို ပြသခဲ့ပါတယ်။

ဇာတ်လမ်းအရ Jinyoung ဟာ Yumi (Kim Go Eun) ရဲ့ လုပ်​ဖော်ကိုင်ဖက်ဖြစ်သလို တစ်ရပ်ကွက်ထဲ​နေတဲ့ Yoo Babi ဆိုတဲ့သူအဖြစ် သရုပ်​ဆောင်ထားပြီး ထိုအပိုင်းမှာ Yoo Babi က Yumi ကို ဒီတိုင်းခင်ချင်လို့ ချဉ်းကပ်တာလား၊ စိတ်ဝင်စား​နေတာလားဆိုတာကို သိရဖို့အတွက် Yumi ရဲ့ ဆဲလ်​လေး​တွေက သူ့ကို မိန်းက​လေးအဖြစ် မြင်​ယောင်ကြည့်တဲ့ ဇာတ်ဝင်ခန်းပါဝင်ခဲ့ပါတယ်။

ဒီဇာတ်ဝင်ခန်း​ကြောင့် Jinyoung ရဲ့ ​ယောကျ်ား​လေးလို ခန့်ညားတဲ့ ရုပ်ရည်နဲ့ မိန်းက​လေးလို လှပတဲ့ ရုပ်ရည်ကိုပါ ကြည့်ရှုသူ​​တွေက ချီးကျူးခဲ့ပါတယ်။ တချို့ပရိသတ်​တွေဆိုရင် “Jinyoung က ​နောက်ထပ် “Nation’s First Love ပဲ” ၊ “Wow သူက အရမ်းလှတာပဲ” ၊ “ဒီလိုဇာတ်ဝင်ခန်းမျိုး​နောက်ထပ်အများကြီးပါရင်​ကောင်းမယ်” စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါ​ကြောင့် Jinyoung နဲ့ သူ့ရဲ့ဇာတ်​ကောင်ဟာ ဆိုရှယ်မီဒီယာ​တွေမှာ လူ​ပြောများလာခဲ့ပြီး ယခုဆိုရင် BamBam ရဲ့ Twitter post ​ကြောင့် ပိုပြီး​တော့​​တောင် လူ​ပြောများလာပြီဖြစ်ပါတယ်။

BamBam ဟာ ဇာတ်လမ်းထဲက Jinyoung မိန်းက​လေးလို ဝတ်စားထားတဲ့ ပုံ​တွေကို တင်ပြီး “သူ​နောက်ဆုံး​တော့ တကယ် အ​မေဖြစ်သွားပြီ” ဆိုတဲ့ စာကို ​ရေးသားခဲ့ကာ GOT7 ရဲ့ “evil maknae” ဖြစ်​ကြောင်း ထပ်မံသက်​သေပြခဲ့ပါတယ်။

BamBam ဟာ ဒီ​လောက်နဲ့တင် ​ကျေနပ်ပုံမရ​သေးပါဘူး။ သူ့ရဲ့ Twitter profile ပုံကိုလည်း Jinyoung မိန်းက​လေးလို ဝတ်ထားတဲ့ပုံကို ​ပြောင်းလဲခဲ့ပါ​သေးတယ်။ ဒီအဖြစ်အပျက်​ကြောင့် Ahgase ​တွေက​တော့ ခွက်ထိုးခွက်လန်ရယ်ခဲ့ကြရပါတယ်။

အခုဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး Jinyoung တစ်​​ယောက် BamBam ကို ဘယ်လိုပြန်ပြီး လက်စား​ချေမလဲဆိုတာကို ​မျှော်လင့်​နေကြပါပြီ။ ​သေချာတာတစ်ခုက​တော့ BamBam တစ်​​ယောက် ​ကောင်း​ကောင်းအဆူခံရ​တော့မယ်ဆိုတာပါပဲ။

တစ်ဖက်မှာလည်း တစ်​ယောက်ကို တစ်​ယောက် အား​ပေးချစ်ခင်ပြီး အစ​အ​နောက်မပျက်ပဲ ​ပျော်ရွှင်​နေကြတဲ့ GOT7 အဖွဲ့ဝင်​တွေကို ​တွေ့ရတဲ့အတွက် Ahgase ​တွေက ​ဝမ်းသာ​ပျော်ရွှင်​​နေကြပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL