Celebrity News

တစ်ယောက်တည်းလည်း ဘဝကြီးက စိုပြေသာယာကြောင်း ဂုဏ်ယူစွာပြောခဲ့ဖူးသူ Song Ji Hyo

အသက် ၄၀ ပြည့်ပြီးဖြစ်တာတောင် အခုချိန်ထိ နုပျိုလန်းဆန်းပြီး တကိုယ်တော် အပျိုကြီးဘဝနဲ့သာယာနေသူကတော့ Song Jihyo ပါပဲ။ ဒီကြားထဲ ပရိသတ်တွေက JiHyo နဲ့ Ship ပေးတာမျိုးတွေရှိပေမဲ့ အခုချိန်ထိ လွတ်လွတ်လပ်လပ်ပဲ ဖြတ်သန်းနေတုန်းပါ။

သူမရဲ့ အိမ်ထောင်ပြုခြင်းအပေါ် ခံယူချက်အား အတိတ်က အင်တာဗျူးတစ်ခုမှာလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးပါတယ်။ JiHyo က အိမ်ထောင်ပြုဖို့ဟာ သူမအတွက် အဓိကမဟုတ်ဘဲ single လိုနေရတာမျိုးကို လွန်စွာကြိုက်ကြောင်း အခုလိုပြောခဲ့ဖူးပါတယ်။

“အိမ်ထောင်ပြုဖို့ကို ခေါင်းထဲမှာ သိပ်ပြီး တွေးမထားဘူး။ အခုလက်ရှိ တကိုယ်တော်အပျိုကြီးဘဝကိုလည်း သဘောကျကျေနပ်နေတာပါပဲ။ မဖြစ်မနေ အိမ်ထောင်ပြုဖို့ဖြစ်လာတာမျိုးမဟုတ်ရင် လက်ထပ်ဖို့ကတော့ ကျွန်မအတွက် အထမြောက်မယ်မထင်ဘူး။

အခုပုံစံနဲ့ကို နေ့ရက်တွေက ပျော်ရွှင်နေရတာပဲကို။ အရင်တုန်းကတော့ အမေက အိမ်ထောင်ပြုဖို့ ပွစိပွစိလုပ်သေးတယ်။ အခုတော့ လက်လျှော့လိုက်ပုံပါပဲ။ ခဏလောက် အနားယူဖို့ပဲပြောတော့တယ်။

အိမ်ထောင်ပြုဖို့ မပြောတော့ပြန်ဘူး။ အမေလည်း အသက်တွေကြီးလာပြီဆိုတော့ ပူပူညံညံမလုပ်နိုင်တော့ပုံပဲ” ဆိုပြီး Single ဘဝမှာ ပျော်မွေ့နေပုံကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ဖူးပါတော့တယ်။

Song Ji Hyo ကတော့ ချစ်သူရည်စားထားပြီး နှစ်ကိုယ့်တစိတ်ဖြတ်သန်းရတာမျိုးထက် တကိုယ်တော် ကိုယ်ကြိုက်တာကိုယ်လုပ်ရင်း ဖြတ်သန်းနိုင်တဲ့ Single ဘဝကြီးကို အကြိုက်တွေ့နေပုံပါပဲ။

ပရိသတ်တွေကတော့ Running Man ထဲက Kim Jong-kook နဲ့ သဘောတူနေကြပြီး သူတို့နှစ်ယောက်ကြားထဲက Spartace Loveline လေးကို အတည်ဖြစ်စေချင်နေကြပါတယ်။

Source: Koreaboo
Photos: VLive
Translated by Julix