Celebrity News

ချစ်သူဖြစ်သူ Ter နဲ့ Project အသစ်အကြောင်း အရိပ်အမြွက်ပေးခဲ့သူလေး Mai Davika

Mai Davika ကတော့ Freelance ထိုင်းမင်းသမီးထဲမှာ နာမည်ကြီးတဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ပါပဲ။ သူမရဲ့ ဇာတ်လမ်းတွဲတိုင်းက လူကြိုက်များတာကြောင့် နောင်လာမယ့် Project အသစ်အတွက်လည်း စိတ်ဝင်စားနေကြပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Mai ကတော့ သူ့ရဲ့ ချစ်သူ Ter Chantavit အပါအဝင် မကြာခင်ရိုက်ကူးတော့မယ့် project အသစ်အကြောင်းကိုပါ အရိပ်အမြွက်ပေးခဲ့ပါတော့တယ်။ Ter Chantavit ရဲ့ မွေးနေ့တုန်းက Mai Davika ဟာ စုံတွဲပုံလေးကို “Happy Birthday Darling” ဆိုတဲ့ Caption တိုတိုတုတ်တုတ်နဲ့ တင်ခဲ့ပါတယ်။

ဒီအကြောင်းကိုမေးတော့ Davika က “Caption အတွက် ဘာရေးရရမယ်မှန်းမသိဘူး။ P’Ter အတွက်လည်း ဘာကိုဆုတောင်းပေးရမလဲ မသိဘူး။ အဲ့တာကြောင့် အဲ့လို caption တိုတိုတုတ်တုတ်နဲ့ပဲ ရေးတင်လိုက်တာ.. မွေးနေ့လက‌်ဆောင်ကိုတော့ သူအကြိုက်ဆုံး ပန်းချီပညာရှင်ရဲ့ ပန်းချီကားတစ်ချပ်ကို လက်ဆောင်ပေးခဲ့တယ်။

P’Ter က တအားကို ကြိုက်နေခဲ့တာပါပဲ” ဆိုပြီး ဖြေပေးခဲ့ပါတယ်။ BL မင်းသား Bright နဲ့ ဟာသဇာတ်လမ်းမျိုးရိုက်ကူးမယ့် သတင်းတွေကိုလည်း Mai Davika က သိနေပြီး နည်းနည်းလေး အရိပ်အယောင်ပြသွားခဲ့ပါတယ်။ “Project အသစ်ကတော့ ရှိနေပါတယ်။ စောင့်မျှော်နေကြပါဦးနော်။

Bright Vachirawit နဲ့လည်း ဆုံဖူးပါတယ်။ ကောင်လေးက တကယ်ကို ချစ်စရာကောင်းတယ်။ သူနဲ့သာတွဲဖက်ရိုက်ကူးခွင့်ရမယ်ဆိုရင် ကျွန်မကတော့ ပျော်ရွှင်နေမှာပါပဲ” ဆိုပြီး မသိမသာတော့ အရိပ်ပြသွားခဲ့ပါပြီ။

နှစ်ဖက်ပရိသတ်တွေကတော့ Davika နဲ့ Bright တို့ အတူတွဲဖက်ရိုက်ကူးမယ့်အကြောင်း သတင်းသဲ့သဲ့ကြားကတည်းက သဘောကျနေကြတာဖြစ်ပြီး တကယ်လို့သာ ဟုတ်မှန်ကြောင်း အတည်ပြုပေးမယ်ဆိုရင်တော့ ဝမ်းသာလို့ဆုံးတော့မှာ မဟုတ်ပါဘူး။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix