Celebrity News

၂၀၂၁ ခုနှစ်အတွင်း Apple Music Global Chart မှာ Rank အမြင့်ဆုံးရရှိခဲ့တဲ့ K-Pop မိန်းက​လေးအဆိုရှင်တို့ရဲ့ သီချင်းများ

လက်ရှိကမ္ဘာ​ပေါ်မှာ သီချင်း​တွေကို နားဆင်နိုင်ဖို့အတွက် streaming platform ​တွေများစွာရှိပြီး ဒီသီချင်း​တွေရဲ့ ​ပေါ်ပြူလာဖြစ်မှုကို တိုင်းတာတဲ့ chart ​တွေလည်းများစွာရှိပါတယ်။ အဲ့ဒီထဲကမှ Billboard, iTunes တို့လို နာမည်အကြီးဆုံးတစ်ခုက​တော့ Apple Music Global Chart ပဲဖြစ်ပါတယ်။

Apple Music ဟာ နိုင်ငံ​ပေါင်း ၁၆၀ ​ကျော်ကို ဝန်​ဆောင်မှု​ပေးလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းက အချက်အလက်​တွေကို စု​ဆောင်းကာ သူတို့ရဲ့ platform မှာ ​ပေါ်ပြူလာအဖြစ်ဆုံး သီချင်း​တွေကို အဆင့်သတ်မှတ်​ပြီး အချိန်နဲ့ တစ်​ပြေးညီ ​ဖော်ပြ​ပေး​လေ့ရှိပါတယ်။ အဲ့လို Apple Music Global Chart မှာ ၂၀၂၁ ခုနှစ်အတွင်း Rank အမြင့်ဆုံးရရှိခဲ့တဲ့ K-Pop မိန်းက​လေးအဆိုရှင်​တွေရဲ့ သီချင်း​​တွေလည်း ရှိ​နေပါတယ်။ အဲ့ဒီသီချင်း​တွေက​တော့

  1. TWICE အဖွဲ့ရဲ့ “The Feels”

“The Feels” က​တော့ TWICE အဖွဲ့ရဲ့ ပထမဆုံး အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ digital single သီချင်းဖြစ်ပြီး ​​အောက်တိုဘာလ ၁ ရက်​နေ့ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာ​တော့ ဒီသီချင်းဟာ Apple Music Global Top 100 Chart မှာ အဆင့် ၁၇ ​နေရာကို ရရှိထားပါတယ်။

ဒါဟာ ယခုနှစ်အတွင်း ထွက်ရှိခဲ့သမျှ K-Pop မိန်းက​လေးအဖွဲ့နဲ့ မိန်းက​လေး solo artist ​တွေရဲ့ သီချင်း​တွေထဲမှာ အမြင့်ဆုံး ရရှိတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် ဇွန်လကထွက်ရှိခဲ့တဲ့ “Alcohol Free” သီချင်းကလည်း ထို chart ရဲ့ အဆင့် ၆၀ ​နေရာမှာ ရပ်တည်ခဲ့ဖူးပါတယ်။

  1. Rosé ရဲ့ On The Ground

၂၀၂၁ ခုနှစ်အတွင်း Apple Music Global Chart မှာ Rank အမြင့်ဆုံးရရှိခဲ့တဲ့ K-Pop မိန်းက​လေးအဆိုရှင် ​နောက်တစ်ဦးက​တော့ BLACKPINK အဖွဲ့ဝင် Rosé ဖြစ်ပါတယ်။ Rosé ဟာ ယခုနှစ် မတ်လ ၁၂ ရက်​နေ့မှာ ‘R’ album နဲ့ solo artist အဖြစ် ပွဲဦးထွက်ခဲ့ပြီး “On The Ground” သီချင်းက ထို album ရဲ့ ​ခေါင်းစီးသီချင်းဖြစ်ပါတယ်။ ဒီသီချင်းဟာ Apple Music Global Top 100 Chart မှာ အဆင့် ၄၂ အထိ ​ရောက်ရှိခဲ့ပြီး ဒါဟာ ယခုနှစ်အတွက် K-Pop Solo Artist ​တွေထဲမှာ အမြင့်ဆုံးရရှိတာလည်းဖြစ်ပါတယ်။

  1. Lisa ရဲ့ LALISA

​နောက်ထပ် BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ကလည်း ယခုနှစ် စက်တင်ဘာလ ၁၀ ရက်​နေ့မှာ “LALISA” ဆိုတဲ့ single album နဲ့ solo artist အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ ထို album ထဲမှာ “LALISA” နဲ့ “Money” ဆိုတဲ့ သီချင်း ၂ ပုဒ်ပါဝင်ပါတယ်။

အဲ့ဒီသီချင်း ၂ ပုဒ်လုံးဟာ Apple Music Global Top 100 Chart ထဲမှာ ​နေရာယူနိုင်ခဲ့ပါတယ်။ ​ခေါင်းစီးသီချင်းဖြစ်တဲ့ “LALAISA” က ထို chart ရဲ့ အဆင့် ၅၁ ထိ အမြင့်ဆုံးအ​နေနဲ့ ​ရောက်ရှိခဲ့ပြီး B-side သီချင်း “Money” က​တော့ အဆင့် ၉၁ ကို ရရှိခဲ့ပါတယ်။

  1. aespa ရဲ့ “Savage”

aespa အဖွဲ့က​တော့ ၂၀၂၀ ခုနှစ်ကမှ SM Entertainment လက်​အောက်က ပွဲဦးထွက်ထားတဲ့ အဖွဲ့အသစ်ဖြစ်​ပေမဲ့ ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူတို့ဟာ “Rookie Monster” လို့ ​ခေါ်ဆိုရ​လောက်​အောင် ​အချိန်တိုအတွင်း အောင်မြင်မှုက​တော့ ​ကြောက်ခမန်းလိလိပါပဲ။

“Savage” က​တော့ aespa ရဲ့ ပထမဆုံး mini album ဖြစ်ပြီး ​အောက်တိုဘာလ ၅ ရက်​နေ့ကမှ အသစ်စက်စက်ထွက်ရှိထားတာဖြစ်ပါတယ်။ ဒီ “Savage” သီချင်းက​တော့ Apple Music Global Top 100 Chart ရဲ့ ထိပ်ပိုင်းကို တဖြည်းဖြည်းတက်လာ​နေပြီး လက်ရှိ အဆင့် ၆၁ ​နေရာမှာ ရပ်တည်​နေပါတယ်။

Source : Twitter
Photo : Twitter
Written : ZL