Celebrity News

ခင်ပွန်းဖြစ်သူနဲ့ ​ပြန်ပြေလည်ပြီး ဒုတိယရင်​သွေး​လေး လွယ်ထားရပြီဖြစ်တဲ့ မင်းသမီး Hwang Jung Eun

“High Kick”, “She was pretty”, “Kill Me Heal Me” ဇာတ်လမ်းတွဲ​တွေရဲ့ မင်းသမီး Hwang Jung Eum ဟာ ဒုတိယရင်​သွေး​လေးကို ကိုယ်ဝန်လွယ်ထားရပြီလို့ အောက်တိုဘာလ ၁၂ ရက်​နေ့မှာ ကိုရီးယားသတင်းမီဒီယာတစ်ခုက ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။

ထို​နေ့မှာပဲ သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ C-JeS Entertainment ကလည်း “ကျွန်​တော်တို့ မင်းသမီးကို ​မေးမြန်းပြီး အတည်ပြုပြီးသွားပါပြီ။ သူမဟာ လက်ရှိမှာ ကိုယ်ဝန်လွယ်ထားရပြီး ​နောက်နှစ်ထဲမှာ မီးဖွားမှာဖြစ်ပါတယ်” လို့ ​ပြောကြားလိုက်ပါတယ်။

Hwang Jung Eum နဲ့ သူမရဲ့ ခင်ပွန်း Lee Young Don တို့ ချစ်သူ​တွေဖြစ်​နေ​ကြောင်း ၂၀၁၆ ခုနှစ်မှာ ထွက်​ပေါ်လာခဲ့ပြီး သူတို့ရဲ့ ဆက်ဆံ​ရေးကို လူသိရှင်ကြားဝန်ခံပြီး တစ်လအကြာမှာ တရားဝင်လက်ထပ်ခဲ့ပါတယ်။  လက်ထပ်ပြီး ၈ လအကြာမှာပဲ သူတို့ရဲ့ ပထမဆုံး သားဦး​လေးကို ​​​မွေးဖွားခဲ့ပါတယ်။

ဒါ​ပေမဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ Hwang Jung Eum နဲ့ သူမရဲ့ခင်ပွန်းတို့ဟာ ကွာရှင်းဖို့အတွက် အမှုရင်ဆိုင်ခဲ့ကြပါတယ်။ သို့​သော်လည်း ယခုနှစ် ဇူလိုင်လမှာ Hwang Jung Eum တို့ စုံတွဲဟာ ပြဿနာ​တွေကို ​ဖြေရှင်းညိှနှိုင်းပြီး ကွာရှင်းဖို့ကို ရုတ်သိမ်းခဲ့ပါတယ်။

အဲ့ဒီ​နောက် ​ပြေ​ပြေလည်လည် ​ပြန်လည်​ပေါင်းသင်းခဲ့ကြပြီး မိသားစုလိုက် ခရီးလည်း ထွက်ခဲ့ကြပါတယ်။ သူမရဲ့ အမျိုးသားကလည်း သူမရဲ့ ကျန်းမာ​ရေးနဲ့ ဗိုက်ထဲက က​လေး​လေးအတွက် အတတ်နိုင်ဆုံး ဂရုရိုက်​ပေးသွားမယ်လို့လည်း ​ပြောထားပါ​သေးတယ်။

ဒီသတင်းက တကယ့်ကို မင်္ဂလာသတင်းပါပဲ။ သူတို့မိသားစု​လေးလည်း အခုအချိန်မှာ ​အရမ်းကို ပျော်ရွှင်​နေကြမယ်လို့ ထင်ပါတယ်။ ​ဒီပျော်ရွှင်စရာ အိမ်​ထောင်​ရေး​​​​လေး ထာဝရခိုင်မြဲပါ​စေလို့လည်း ဆု​တောင်း​ပါတယ်​။

Source : Soompi
Written : ZL