Celebrity News

Taylor Swift ကို​ ကျော်တက်ပြီး Billboard သမိုင်းတစ်​​လျှေုာက် အမြင့်ဆုံး စံချိန်သစ်တင်လိုက်တဲ့ BTS

အောက်တိုဘာလ ၁၁ ရက်​နေ့မှာ Billboard က​နေ ​အောက်တိုဘာလ ဒုတိယအပတ်အတွက် Digital Song Sales Chart ထဲမှာ ​နေရာယူထားတဲ့ သီချင်း​တွေကို ထုတ်ပြန်​​ကြေငြာခဲ့ပါတယ်။

ဒီ​နောက်ဆုံးထုတ်ပြန်ထားတဲ့ Digital Song Sales Chart မှာဆိုရင် BTS နဲ့ ဗြိတိန် ​ရော့ဂ်ဂီတအဖွဲ့ Coldplay တို့ရဲ့ Collaboration သီချင်း “My Universe” ဟာ ၂ ပတ်ဆက်တိုက် နံပါတ် ၁ ​နေရာမှာ ရပ်တည်​နေတာကို ​တွေ့ရပါတယ်။

“My Universe” သီချင်းဟာ ယခုအပတ်အတွက် အမှတ်​ပေါင်း ၄၂၆၀၀ မှတ်ကို ရရှိခဲ့ပြီး ယခင်အပတ်ကထက်စာရင်​တော့ ၅၄% ​လောက် ​လျော့ကျသွားပါတယ်။ ဒီလို အမှတ်​လျော့သွား​ပေမဲ့လည်း “My Universe” သီချင်းဟာ Chart ​တွေရဲ့ ထိပ်ဆုံး​နေရာကို ​ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် “My Universe” ဟာ ယခုအပတ်မှာလည်း နံပါတ် ၁ ကို ထပ်မံရရှိခဲ့တာ​ကြောင့် BTS အဖွဲ့ Digital Song Sales Chart ရဲ့ နံပါတ် ၁ ​နေရာကို သိမ်းပိုက်ထားတာဟာ ၄၅ ပတ်​မြောက် ရှိပြီဖြစ်ပါတယ်။ ဒါဟာ Billboard သမိုင်းတစ်​လျှောက်လုံး တစ်ခါမှ မရရှိဖူး​သေးတဲ့ အမြင့်ဆုံးစံချိန်သစ်ဖြစ်ပါတယ်။

ယခင်က Taylor Swift ဟာ ၄၄ ပတ်ဆက်တိုက် နံပါတ် ၁ ​နေရာကို ရရှိခဲ့ဖူးပြီး ယခုဆိုရင် BTS ဟာ Taylor Swift ရဲ့ စံချိန်ကို ချိုးဖျက်ကာ နံပါတ် ၁ အများဆုံးရရှိတဲ့ အနုပညာရှင်ဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

“My Universe” သီချင်းဟာ ယခုအပတ်အတွက် တခြား​သော Billboard Chart ​တွေမှာလည်း ပါဝင်ခဲ့ပါ​သေးတယ်။ Billboard ရဲ့ အဓိက Singles Chart ဖြစ်တဲ့ Hot 100 မှာလည်း နံပါတ် ၁၂ ​နေရာကို ရရှိခဲ့ပြီး အ​မေရိကန်နိုင်ငံမှာ​ ပေါ်ပြူလာအဖြစ်ဆုံးသီချင်းတစ်ပုဒ်ဖြစ​်ကြောင်း သက်​သေပြခဲ့ပါတယ်။

ဒါတင်မက​သေးပဲ “My Universe” သီချင်းဟာ Hot Alternative Songs Chart နဲ့ Hot Rock and Alternative Songs Chart​ တွေမှာလည်း ​နေရာယူခဲ့ပါတယ်။ ဒီသီချင်းဟာ ယခုအပတ်အတွက် Billboard ရဲ့ Streaming Songs Chart မှာ နံပါတ် ၃၂ ချိတ်ခဲ့သလို Global Excl. U.S Chart မှာ နံပါတ် ၃ နဲ့ Global 200 Chart မှာ နံပါတ် ၅ စသဖြင့် အသီးသီး​နေရာယူခဲ့ပါ​သေးတယ်။

“My Universe” ဟာ ယခုအပတ်အတွက် ​ရောင်းအားအ​ကောင်းဆုံးသီချင်း​တွေထဲက တစ်ပုဒ်ဖြစ်ပြီး ​နောက်အပတ်​တွေမှာလည်း Billboard Chart ​တွေမှာ ဆက်လက်​နေရာယူ​နေဦးမယ်လို့ ခန့်မှန်းရပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL