Celebrity News

“The King’s Affection” နန်းတွင်းကားအတွက် SuperJuinor အဖွဲ့ခွဲ “K.R.Y”သီဆိုထားတဲ့ ကြေကွဲစရာ အချစ်တေး

အပတ်စဉ် တနင်္လာ၊ အင်္ဂါမှာ ထုတ်လွှင့်နေတဲ့ “lover of the red sky”ကားပြီးရင် ကြည့်ရမဲ့ နောက်ထပ် နန်းတွင်းကားတစ်ခု တိုးလာပါပြီ ပရိတ်သတ်ကြီးရေ။ “The King’s Affection” ဆိုတဲ့ ကားသစ် ဖြစ်ပြီး အပိုင်း(၁)နဲ့ တင် ကြည့်ရှုနှုန်း 6.2 % ရ.. ထားပါတယ်။

ဒီကားရဲ့ ဇာတ်ကြောင်းလေးကတော့ နန်းတော်ထဲမှာ အမွှာ မင်းသားလေးနဲ့ မင်းသမီးလေး မွေးဖွားခဲ့ပေမဲ့ မင်းသားလေးကို အိမ်ရှေ့စံအဖြစ် မင်းကြီးက မြှောက်စားခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်း မင်းသားလေးက မထင်မှတ်ဘဲ နတ်ရွာစံသွားတဲ့အခါ မင်းသမီးလေးက အိမ်ရှေ့စံမင်းသားအဖြစ် ဟန်ဆောင်ပြီး နန်းတွင်းအရေးကိုစီမံတဲ့ အကြောင်းဖြစ်ပါတယ်။

ယောင်္ကျားလေးယောင်ဆောင်တဲ့ မင်းသမီးလေး “Lee Hwi” နေရာမှာ ရုပ်ရှင်သရုပ်ဆောင် “Park Eun Bin” က သရုပ်ဆောင်ထားပြီး Lee Hwi ရဲ့ ဆရာ “Jung Ji Woon” နေရာမှာ SF9 အဖွဲ့ဝင် Rowoon က သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားရဲ့ ပထမဆုံး ဇာတ်ဝင်တေး “Shadow of You” ကိုတော့ Superjunior အဖွဲ့ရဲ့ အဖွဲ့ခွဲ “K.R.Y” (Kyuhyun, Ryeowook, Yesung) တို့က သီဆိုထားပါတယ်။ K.R.Y အဖွဲ့ဟာ 2006 ခုနှစ်ထဲက အဖွဲ့ဖွဲ့ထားဖြစ်ပြီး အဖွဲ့ဝင်တွေအားလုံးဟာ main vocalist တွေ ဖြစ်ပါတယ်။ Ballad, R&B, Pop, Rock အမျိုးအစားတွေကို ဦးစားပေး သီဆိုလေ့ရှိပါတယ်။

ခု OST ဟာ လည်း ဂန္တဝင် ballad သီချင်းအမျိုးစားဖြစ်ပြီး စန္န္ဒယားတီးလုံး သုံးထားပါတယ်။ သီချင်းစာသားတွေဟာ ဘုရင့်နန်းတွင်းထဲက လျို့ဝှက်အချစ်ဇာတ်လမ်းလေးအကြောင်း ရေးဖွဲ့ထားပြီး ကြေကြေကွဲကွဲ ဆွဲဆွဲငင်ငင် သီဆိုထားလို့ နားထောင်လိုက်တာနဲ့ Heart ထိစေမဲ့ သီချင်းလေးပါ။

Source: Allkpop
Written: Violet