Celebrity News

BLACKPINK အတွက် ပရိသတ်​တွေ ​ပေးပို့လာတဲ့ လက်​ဆောင်​တွေကို လက်ခံ​တော့မှာ မဟုတ်​တဲ့ YG Entertainment

အောက်တိုဘာလ ၁၂ ရက်​နေ့မှာ ပရိသတ်​တွေက BLACKPINK အဖွဲ့ဆီကို ​ပေးပို့တဲ့ လက်​ဆောင်​​တွေကို ​​ရှေ့​​လျှောက် လုံးဝလက်ခံ​တော့မှာမဟုတ်​​တော့ဘူးလို့ YG က တရားဝင်အသိ​ပေးစာတစ်​စောင် ​ရေးသားပြီး ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။

အ​သေးစိတ်​ပြောရမယ်ဆိုရင်​တော့ BLACKPINK အဖွဲ့ရဲ့ ပွဲဦးထွက်နှစ်ပတ်လည်၊ တစ်ကိုယ်​တော်ပွဲဦးထွက်​အထိမ်းအမှတ်၊ ရုပ်သံလွှင့်တဲ့​တာနဲ့ ​ဖျော်​ဖြေပွဲပြုလုပ်တာ စတဲ့ ​နေ့ထူး​နေ့မြတ်​တွေမှာ BLACKPINK အဖွဲ့အတွက် ပရိသတ်​တွေက ​ပေးပို့တဲ့လက်​ဆောင်​တွေကို YG က ​ရှေ့​လျှောက် ယဉ်​ကျေးစွာ ငြင်းပယ်သွားမှာဖြစ်ပြီး YG Entertainment ကို ​ပေးပို့လာတဲ့ ပရိသတ်​တွေရဲ့ လက်​ရေးစ​ာတွေကို​တော့ လက်ခံသွားမယ်လို့ ​ပြောကြားထားပါတယ်။

BLACKPINK အဖွဲ့ဝင်​တွေဟာ ဒီကိစ္စအတွက် အချိန်အ​တော်ကြာစဉ်းစားခဲ့ပြီး လက်​ဆောင်အစား ပရိသတ်​တွေရဲ့စိတ်​စေတနာကိုပဲ လက်ခံသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆက်လက်ပြီး လက်​ဆောင်​တွေ​ပေးမယ့်အစား အကူအညီတကယ်လိုအပ်​နေတဲ့​နေရာ​တွေမှာ ​​ကောင်းမှု​တွေ ပိုပြုလုပ်​ပေးရင် ပို​ပြီး ​ကျေးဇူးတင်မှာဖြစ်​ကြောင်းနဲ့ ခုလိုဆုံးဖြတ်လိုက်တာကို ပရိသတ်​တွေအ​နေနဲ့ ပူး​ပေါင်းပါဝင်​ပေးပြီး နားလည်​ပေးကြဖို့ ​​မေတ္တာရပ်ခံ​ကြောင်းလည်း ​ရေးသားထားပါတယ်။

ပရိသတ်​တွေအ​နေနဲ့ မိမိတို့ နှစ်သက်တဲ့ K-Pop Idol ​တွေအတွက် လက်​ဆောင်ပို့ကြတာ သဘာဝဆို​ပေမဲ့ Idol ​တွေရဲ့ လုံခြုံမှု၊ ပုဂ္ဂိုလ်​ရေးဆိုင်ရာနဲ့ အခြားအ​ကြောင်းအရာ​တွေအတွက် အခု​နောက်ပိုင်း Idol ​တော်​တော်များများဟာ လက်​ဆောင်​ပေးခြင်းကို ငြင်းပယ်လာကြပြီး လက်​ရေးစာ​တွေကိုသာ လက်ခံလာကြပါတယ်။

ဒီလိုမျိုး YG ရဲ့ ​ကြေငြာချက်နဲ့ ပတ်သက်ပြီး ပရိသတ်​တွေက အမျိုးမျိုး​​သော တုံ့ပြန်ချက်​တွေ​ပေးခဲ့ပါတယ်။ တချို့က “ဒါက ပုံမှန်ပါပဲ။ အဖွဲ့ဝင်​တွေကို anti fan ​တွေက အန္တရာယ်ရှိတဲ့ပစ္စည်း​တွေပို့ရင် စိုးရိမ်စရာပဲ” ၊ “Idol ​​တွေက ပရိသတ်​တွေရဲ့ လက်​ဆောင်ကို လက်မခံတာ အသစ်အဆန်းမဟုတ်ပါဘူး။ ဒါက BLACKPINK ကို ကာကွယ်ဖို့ဖြစ်တယ်။

လျှို့ဝှက်ကင်မရာ​တွေ တခြား မလိုအပ်တဲ့ပစ္စည်း​​တွေကို လက်​​ဆောင်ထဲထည့်​ပေးတဲ့ တချို့လူ​တွေရှိတယ်။ အခု ​ကောင်မ​လေး​​တွေက လက်​​ဆောင်ကို လက်မခံ​တော့ရင် ပရိသတ်​တွေက album ​တွေပိုဝယ်လို့ရပြီ​ပေါ့” လို့ တုံ့ပြန်ခဲ့ကြပြီး တချို့ကလည်း “တရုတ် fan bar ​တွေက ​ပေးတဲ့လက်​ဆောင်​တွေက အမိုက်စား​တွေ နှ​မြောစရာပဲ” ဆိုပြီး နှ​မြောတသဖြစ်​နေကြပါတယ်။

Source : Kbizoom
Photo : Twitter
Written : ZL