Celebrity News

November လ ထုတ် ELLE magazine အတွက် Gucci King “Kai” နဲ့ Princess “IU” လေးတို့ရဲ့ အမိုက်စား collab

“ELLE Korea”ရဲ့နောက်လထုတ် November လ မဂ္ဂဇင်းမျက်နှာဖုံးအတွက် Gucci Ambassador များဖြစ်ကြတဲ့ Kai နဲ့ IU တို့ဟာ လက်ခံရိုက်ကူးပေးခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အရင်ကလည်း “BLACK YAK” fashion brand အတွက် အတူတူရိုက်ပေးဖူးခဲ့တာ ရှိပါတယ်။

ထိုစဉ်တုန်းကတော့ လူငယ်ဆန်ဆန် အားကစားဝတ်စုံ fashion လေးတွေနဲ့ လန်းခဲ့ကြပေမဲ့ ဒီတစ်ခေါက်မှာတော့ ခမ်းနားပြီး ကျော့ရှင်းရည်မွန်တဲ့ fashion ပုံစံမျိုးကို ဝတ်ထားကြပါတယ်။ IU ရဲ့ တလက်လက် လက်နေတဲ့ အပြာရောင်ဝတ်စုံလေးနဲ့ ပုံမှာဆိုရင် IU ဟာ မိန်းမသားဆန်ပြီး ကျော့ရှင်းနေတာကိုတွေ့ရမှာပါ။

ဒုတိယပုံမှာ ငွေရောင် blazer ကုတ်ကို smart ကျကျဝတ်ထားတာဟာ ဩဇာအပြည့်ရှိတဲ့ သူဌေးမလေးလိုပါဘဲ။ တတိယပုံမှာတော့ soprt type ဝတ်စုံလေးနဲ့ တက်ကြွတဲ့ ဆယ်ကျော်သက်ကောင်မလေးပုံစံ ဝတ်ထားပါတယ်။

Kai ကတော့ အစိမ်းရောင်၊ ကြက်သွေးရောင်၊ အညိုရောင် အစရှိတဲ့ ဝတ်စုံ၃စုံကို ဝတ်ပြီးရိုက်ကူးခဲ့ပါတယ်။ ပထမဆုံးပုံမှာတော့ ရှေ့ကြယ်သီးဖြုတ်ထားပြီး အမွှေးပွဝတ်ရုံကို ခြုံလွှမ်းထားတာဟာ King တစ်ပါးလိုပါဘဲ။ ဒုတိယပုံမှာတော့ Gucci logo တွေအများကြီးပါတဲ့ အညိုရောင် outfit ကို ဝတ်ထားတာဟာ CEO တစ်ယောက်နဲ့ သွားတူနေပါတယ်။ တတိယပုံမှာတော့ ဆယ်ကျော်သက်စတိုင် helmet ဆောင်းထားပြီး စူးရှတဲ့အကြည့်တွေနဲ့ကြည့်နေတာဟာ ရင်တသိမ့်သိမ့်တုန်စရာပါ။

ထို ဓာတ်ပုံတွေအပြင် IU နဲ့ Kai ကို interviewတွေလည်း လုပ်ခဲ့ပါတယ်။ ထို interview မှာ IU က “ဘ၀မှာ သူများတွေဆီက အချစ်တွေရခဲ့သလို ကျမကလည်း အချစ်တွေ ပြန်မျှဝေခဲ့တယ်။ ဒါကြောင့် မေတ္တာဆိုတာ အသွားအပြန်ရှိပြီး လူတွေက ချစ်ခြင်းတရားနဲ့ ထိုက်တန်တယ်ဆိုတာ ကျွန်မယုံကြည်မိပါတယ်” လို့ အမှတ်တရစကားဆိုခဲ့ပါတယ်။

Kai ကတော့ “ကျွန်တော် ဘဝရဲ့ပျော်ရွှင်မှုနဲ့ပက်သက်ပြီး ခဏခဏပြောဖူးပါတယ်။ ကျွန်တော်တို့က ကံစီမံရတဲ့အတိုင်း ဘဝမှာ အသက်ရှင်နေထိုင်ရပေမဲ့ အခြေအနေသာပေးမယ်ဆိုရင် ဘဝကို ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နဲ့ ပျော်စရာကောင်းအောင် ဖြတ်သန်းချင်တယ်” လို့ အမှတ်တရ စကားဆိုခဲ့ပါတယ်။

IU နဲ့ Kai ပါတဲ့ November လ ထုတ်မဂ္ဂဇင်းဟာ version 6 မျိုးထွက်မှာ ဖြစ်ပြီး ထို version 6 မျိုးရဲ့ မျက်နှာဖုံးတွေမှာ တစ်ယောက်ကို 3 ခု ပါမှာ ဖြစ်ပါတယ်။ IU နဲ့ Kai ရဲ့ ဓာတ်ပုံရိုက်တဲ့ making video တွေ interview တွေကို ELLE Korea ရဲ့ official website နဲ့ YouTube channel မှာ ကြည့်ရှုလို့ရနေပါပြီနော်။

Source: allkpop
Written : violet