Celebrity News

Vogue Fashion မှာ လှပစွာပွဲတက်ခဲ့ပေမဲ့ မျက်နှာမကောင်းဖြစ်နေခဲ့တဲ့ Yang Mi

အောက်တိုဘာလ (၁၃) ရက်နေ့မှာ ခမ်းနားစွာကျင်းပခဲ့တဲ့ Vogue New Chapter Night ပွဲအခမ်းအနားကို ထိပ်တန်းမင်းသမီး Yang Mi အပါအဝင် နာမည်ကြီးအနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ ပွဲကိုကြည့်ရှုနေရင်း အမြင်စူးရှတဲ့ပရိသတ်တွေက Yang Mi တစ်ယောက် အပြုံးတွေ ကင်းမဲ့နေတာကို သတိထားမိခဲ့ကြပါတယ်။ မိတ်ကပ်အပြင်အဆင်ကလည်း သူမရဲ့ Studio က ထုတ်ပေးသလိုမဟုတ်ဘဲ ပြောင်ရှင်းကြီးဖြစ်နေခဲ့တာကြောင့် အင်တာနက်တခွင် လူပြောများခဲ့သွားပါတော့တယ်။

မူလ Yang Mi ရဲ့ Studio ကနေ ထုတ်ပေးတဲ့ ပွဲတက်ဓာတ်ပုံတွေမှာ‌ဆိုရင် Yang Mi ဟာ ခန္ဓာကိုယ်အလှပေါ်လွင်နေတဲ့ အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ကွန်ရက်ပုံစံ ဦးထုပ်အဖြူရောင်လေးနဲ့ တော်တော်လေးကို လှပပြီး လိုက်ဖက်နေခဲ့တာပါ။ ဒါပေမဲ့ ပွဲအခမ်းအနားကို ရောက်လာချိန်မှာ‌တော့ မိတ်ကပ်အပြင်အဆင်ကလည်း ပြီးဆုံးအောင် မပြင်ဆင်ခဲ့တဲ့အပြင် မျက်နှာကလည်း အပြုံးမရှိဘဲ စိတ်တိုနေပုံပေါက်တယ်ဆိုပြီး ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ “မျက်နှာပျက်နေပါ့လား… ဘာလို့ပါလိမ့်?” “ပုံထဲကလို ဘာလို့ ဦးထုပ်က ဆောင်းမလာတာလဲဟင်?”, “Yang Mi က အချိန်မီမပြီးလို့လား?” စသဖြင့် ပွက်ပွက်ထခဲ့ပါတော့တယ်။

ပြည်မကြီးကပရိသတ်တွေရဲ့ ခန့်မှန်းချက်တော့ Yang Mi ပွဲတက်ရမယ့်အချိန်ဟာ နေရာလဲခံလိုက်ရတယ်လို့ဆိုပါတယ်။ တစုံတစ်ယောက်က ရောက်လာရမယ့်အချိန်မှာ ပေါ်မလာဘဲ နောက်ကျနေတာကြောင့် Yang Mi ကို အစားထိုးက အလှည့်လဲပြီ အရင်ပွဲတက်ခိုင်းတာဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတော့တယ်။ အစီအစဉ်တကျဖြစ်မလာတဲ့အပြင် မိတ်ကပ်အပြင်အဆင်တောင် ပြီးဆုံးအောင် လုပ်ခွင့်မရတာကြောင့် မျက်နှာမကောင်းဖြစ်နေခဲ့တဲ့ Yang Mi အတွက် ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေခဲ့ကြပါတော့တယ်။

Source: Chinapress
Photos: Weibo
Translated by Julix