Celebrity News

ပရိသတ်အကြိုက်ဆုံးဖြစ်လာတဲ့ Spartace အတွဲရဲ့ အပြန်အလှန် ခံစားချက်

Spartace Couple ဆိုပြီး Runner တွေက ချစ်စနိုးနဲ့ Ship ပေးနေကြတဲ့ Kim Jong-kook နဲ့ Song Ji-hyo တို့ကတော့ ပြသပြီးခဲ့တဲ့ ‘Running Man’ အပိုင်းသစ်မှာပဲ ပရိသတ်တွေကို အသည်းယားအောင် လုပ်သွားခဲ့ပြန်ပါတယ်။

October 10 ရက်နေ့က ပြသခဲ့တဲ့အပိုင်းမှာပဲ Running Man အဖွဲ့ဝင်တွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းတစ်ခုကို ကစားခဲ့ရပါတယ်။ ‘ဝန်ခံဖို့ ခက်ခဲခြင်း’ ဆိုတဲ့ ဂိမ်းမှာတော့ အဖွဲ့ဝင်တွေဟာ သူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဖြေဆိုရပြီး ပိုမိုခက်ခဲ‌တဲ့ဝန်ခံချက်တွေလုပ်လေ အနိုင်ရလေ ဖြစ်ပါတယ်။ မေးခွန်းတွေကိုတော့ ‘Running Man’ ပရိသတ်တွေဆီကဖြစ်ပြီး တကယ်ကို စေ့‌စေ့ပေါက်ပေါက် မေးထားကြတာပါ။

Kim Jong-kook အလှည့်လည်းရောက်ကော “Song Ji-hyo ဟာ အလွန့်အလွန် ချစ်စရာကောင်းတယ်ဆိုတာ ဝန်ခံပါလား?” ဆိုပြီး မေးခံလိုက်ရပါတယ်။ Kim Jong-kook က ခဏလေးတွေးပြီး “ဟုတ်ကဲ့.. ဂျီဟိုက ချစ်စရာကောင်းပါတယ်။ ‘Rollin’ သီချင်းကို ကတုန်းက တကယ်ကို ချစ်စရာကောင်းနေတာ။ ခုတလော သူ့ပုံစံက တကယ်ကို ချစ်စရာကောင်းလာတယ်” ဆိုပြီး ပြုံးပြုံးကြီး ဖြေပေးခဲ့ပါတော့တယ်။ တဖန် Song Ji-hyo ကိုကျတော့ “ဂျုံးဂုပုံစံက ငါ့ type ဖြစ်ပြီး ငါ့ရဲ့နှလုံးသားကို တကယ်ကြီး ရင်ခုန်နှုန်းမြန်အောင် လုပ်နိုင်တယ် ဆိုတာ ဝန်ခံပါသလား” ဆိုပြီး မေးခံရပါတော့တယ်။ ဂျီဟိုက ရှက်ပြုံးလေးနဲ့ ဝန်ခံခဲ့ပြီး အကြောင်းအရင်းကိုမေးတဲ့အခါမှာတော့ “ဪ… ကျွန်မအတွက် သူကလေ စိတ်ချလက်ချ မှီခိုလို့ရမယ့်သူပါပဲ။ ကျွန်မကိုလည်း ကောင်းကောင်းဂရုစိုက်ပေးတဲ့အပြင် သူ့ဘာသာသူလည်း ကောင်းကောင်းစားပြီး ကောင်းကောင်းရှင်သန်နေတာပဲ” ဆိုပြီး တိုတိုတုတ်တုတ် ပြန်ဖြေပေးခဲ့ပါတော့တယ်။

ဂျုံးဂုကြီးက နောက်ထပ်အကြောင်းပြချက်တွေကို ထပ်ကြားချင်လို့ ထပ်မေးတဲ့အခါ ဂျီဟိုက “ဖုန်းဆက်ပြီး ပြောပြမယ်။ ခဏနေရင် ဖုန်းဆက်လိုက်မယ်” ဆိုပြီး ဟာသမြောက်စွာ ပြန်ဖြေခဲ့ပါတော့တယ်။ ဒီအတွဲက တကယ် တွဲနေတာမျိုး မဟုတ်သေးတာတောင် သူတို့ကြားက အပြောအဆိုလေးတွေက သံ‌ယောဇဉ်တော့ရှိနေကြောင်း ‌မြင်နေရပါတော့တယ်။ ပရိသတ်တွေကတော့ Spartace Couple ရဲ့ အဆိုပါအပြန်အလှန်ဝန်ခံချက်ကို သဘောတွေ ကျနေခဲ့ကြပါတော့တယ်။

Source: SBSSTAR
Photos: SBS
Translated by Julix