Celebrity News

ဇာတ်လမ်းတွဲတွေအပြင် Variety Show မှာပါ ပါဝင်လာတော့မယ့် မင်းသားချော Yang Yang

မင်းသား Yang Yang ရဲ့ ပရိသတ်တွေကတော့ မလွမ်းရအောင် ကိုယ့်မင်းသားလေးကို မြင်တွေ့ရတော့မှာဖြစ်တဲ့အတွက် ပျော်စရာပါပဲ။ “You Are my Glory”, “Who Rules the World” စတဲ့ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီးတဲ့နောက် မင်းသားဟာ “Youth Periplous 3” မှာလည်း ပါဝင်တော့မယ့်အကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

September 23 ရက်နေ့ကတည်းက အစီအစဉ်အတွက် အဖွဲ့ဝင်စာရင်းကို ထုတ်ပြန်ထားတာဖြစ်ပြီး မူလအဖွဲ့ဝင်တွေဖြစ်တဲ့ Jia Ling, Yang Di, Fan Cheng Cheng တို့အပြင် Song XiaoBao, Silence Wang နဲ့ Yang Yang တို့လည်း အသစ်တွေအဖြစ် ပါလာခဲ့ပါတယ်။

Season 3 ပထမပိုင်းကိုတော့ အောက်တိုဘာ ၃၀ မှာ စတင်ပြသမှာဖြစ်ပါတယ်။ အောက်တိုဘာ ၁၃ တုန်းက Livestream လွှင့်က အဖွဲ့ဝင်သစ်တွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ Yang Yang ကလည်း “The Irresistible” နဲ့ “You are My Glory” ထဲက မိတ်ဆွေတစ်ဦးကို Guest အဖြစ် ဖိတ်ခေါ်ချင်ကြောင်း ပြောခဲ့ပါသေးတယ်။ Yang Yang ပါဝင်လာကတည်းက ပရိသတ်အာရုံကို ‌ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီဖြစ်လို့ ဇာတ်လမ်းပေါင်းများစွာရဲ့ မင်းသားချော Yang Yang ရဲ့ ဖိတ်ကြားမှုနဲ့ ဘယ်သူတွေက Guest အဖြစ်ပါလာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။

Source: Sohu
Photos: Weibo
Translated by Julix