Celebrity News

EXO L လေးတွေ မနာလို ဖြစ်ရတဲ့ Vivi လေးကို sehun ဘယ်လိုထိန်းကျောင်းပြီး ချစ်ခင်ကြင်နာသလဲဆိုရင်

Sehun ဟာ SM idol League အစီအစဉ်ကို အပတ်တိုင်း သူတစ်ယောက်တည်း သွားပြီး ပရိသတ်တွေနဲ့ အတူတူဆော့နေတာ တော်တော်ကြာပါပြီ။ game တွေ တူတူကစားပေးတဲ့အပြင် fan တွေရဲ့ မေးခွန်းတွေကိုလည်း ပြန်ဖြေလေ့ရှိပါတယ်။ ဒီတစ်ပတ်မှာ သူ့ရဲ့အချစ်တော်လေး vivi နဲ့ ပြောသွားတာတွေက ပိုများတာမို့ ခုလိုဖော်ပြပေးလိုက်ပါတယ်။

Fan တစ်ယောက်က “Oppa နဲ့ Vivi က တနေ့မှာ ခန္တာကိုယ်ချင်း ချိန်းသွားတယ်ဆိုပါတော့… နောက်နေ့မနက်နိုးလာတဲ့အခါကျ ဘာအရင်လုပ်မှာလည်း?” လို့ အရင်မေးခဲ့ပါတယ်။ sehun က “ဒီမေးခွန်းက အဆန်းဘဲ… တခါမှကျွန်တော်ဒီလိုမျိုးမတွေးဖူးဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။ထိုအခါ Sehun ရဲ့ စကားတွေကို Chinese ဘာသာကို ပြန်ပေးနေတဲ့ translater အမက “ကျွန်မသာဆို ခွေးစာ စမ်းစားကြည့်မှာ” လို့ ဝင်ပြောခဲ့ပါတယ်။

Sehun ကလည်း “Wow… ဟုတ်တယ် ခုလေးတင် ကျွန်တော်လည်းတွေးနေတာ.. ဒါကဘဲကျွန်တော်တို့ စမ်းစရာရှိတာမလာား… Dog food ကိုလေ” လို့ရီရင်း ပြန်ပြောခဲ့ပါတယ်။နောက် fan တစ်ယောက်က “Vivi က ဘာတွေတော်လည်း”လို့ မေးခဲ့ပါတယ်။ နဂိုထဲကမှ Vivi ကိုဆို သည်းသည်းလှုပ်တဲ့ Sehun ဟာ သူ့ puppy လေးအကြောင်းကို ခုလိုအများကြီး ပြောပြခဲ့ပါတယ်။

“Vivi မှာလေ aegyo တွေအများကြီးရှိတယ်။ လူတွေကိုလည်း အရမ်းမင်တာ.. အထူးသဖြင့် လူစိမ်းတွေကိုပေါ့။ တခါတလေ ကျွန်တော့် သူငယ်ချင်းတွေ လာလည်ရင် vivi ပျော်မြူးနေတာများ… ကျွန်တော့်ထက်တောင် သူတို့ကို သဘောကျနေသေးတယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို လှည့်တောင်မကြည့်ဖူး အာ့တော့ ကျွန်တော်ကြေကွဲရတာပေါ့ဗျာ”

“vivi ကလေ ဆော့ရတာမောလို့ ပင်ပန်းလာရင် ထောင့်လေးမှာ ပုန်းပြီးနေတတ်တယ်။ အာ့ခါကျ ကျွန်တော်က “Vivi ရေ ဒီကိုလာ” ဆိုပြီး ခေါ်တာပေါ့။ သူကတော့ ကျွန်တော်ကို ပြန်ကြည့်ရုံဘဲ ကြည့်တယ်။ “Vivi ရေ …VIVI” ဆိုပြီး ဘယ်လောက်ထပ်ခေါ်ခေါ် ထမလာဖူး။ အာ့တာနဲ့ ကျွန်တော်ကဘဲ သူ့ဆီသွားပြီး ဖင်လေးကို သုံးကြိမ်လောက်သာသာလေး ပုတ်ပေးရတယ်။ အာ့တော့မှ ကျွန်တော့်အနား ရောက်လာတော့တာဘဲ”

ထိုအခါ နောက် fan တစ်ယောက်က “vivi စကားနားမထောင်ရင်ရော oppa ဘယ်လိုလုပ်လဲ” လို့ မေးခဲ့ပါတယ်။ Sehun က “ViVi ဆိုပြီးအကျယ်ကြီးအော်တာပေါ့.. သူကတော့ အရင်လိုဘဲ မကြားချင်ယောင်ဆောင်နေတာ။… တခု ရီစရာကောင်းတာကလေ သူ လိုချင်တာရှိရင် “Vivi …. ဒီကိုလာ” လို့မပြောလည်း အနားကိုရောက်လာတတ်တယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

ကဲ… sehun ရဲ့ vivi ကို ထိိန်းကျောင်းပုံ ဂရုစိုက်ပုံတွေက စံတင်လောက်ပါပေတယ်နော်။ vivi လေးကလည်း အေးတယ်လို့ ထင်ရပေမဲ့ သူ့သခင်ကို ဂျစ်တူးတိုက်ချက်က ထင်တောင်မထင်ရဖူး။ သူ့ပိုင်ရှင်လိုဘဲ ချေနေလိုက်တာ sehun ရဲ့ စံချိန်ကိုတောင် ကျော်သွားပြီထင်ပါရဲ့။

Source: Twitter
Written : Violet