Celebrity News

ဆွတ်ပျံ့ကြည်နူးလွမ်းဆွေးဖွယ်ရာ Jisoo နဲ့ Jung Hae In တို့ရဲ့ “Snowdrop” Drama teaser

JTBC ကနေ စီစဉ်ရိုက်ကူးတဲ့ “Snowdrop” drama ဟာ ခုချိန်မှာအစအဆုံးရိုက်ကူးပြီးသွားပြီဆိုပေမဲ့ ဇာတ်ညွှန်းကြောင့် အိမ်ပြာတော်ထိ စာတင် တိုင်ကြားခံရတာတွေရှိခဲ့တဲ့အပြင် ဇာတ်လမ်းစမရိုက်ခင်ထဲက အရမ်းတွေ ဂယက်ထခဲ့ပါတယ်။ ပြသဖို့ရက်ကလည်း ခဏခဏရွေ့ရင်း ခု နောက်ဆုံးတော့ December လထဲမှာ ပြသဖို့ဆုံးဖြတ်လိုက်ကြပါပြီ။

ဒီ drama ကို Disney+ ကနေ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ဒီ drama ကို အားလုံးစောင့်မျှော်နေရတဲ့ reason တွေထဲက တစ်ခုကတော့ BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ ပွဲဦးထွက် drama မို့လို့လည်း ဖြစ်ပါတယ်။ ဒီ drama ဟာ အားလုံးသိတဲ့အတိုင်း 1987 ခုနှစ် Seoul မြို့ရဲ့ ဟိုဆု အမျိုးသမီးတက္ကသိုလ်မှာဇတ်အိမ်တည်ထားတာပါ။

Spy နေရာကနေ သရုပ်ဆောင်ထားတဲ့ မင်းသား Jung Hae in ဟာ တနေ့မှာ သွေးအလိမ်းလိမ်းနဲ့ Jisoo ရဲ့ ကျောင်းထဲကို ရောက်လာခဲ့ပါတယ်။ သူနာပြုမေဂျာကို ယူထားတဲ့ ကျောင်းသူ Jisoo ဟာ မင်းသားကို တွေ့ပြီး ဂရုဏာသက်သွားလို့ သူ့အဆောင်ထဲကို ခေါ်ယူစောင့်ရှောက်ကာ ဖွက်ထားပေးခဲ့ပါတယ်။ ဒါကတော့ ဇာတ်လမ်းအကျဉ်းဖြစ်ပြီး October 14 ရက်မှာ ပထမဆုံး trailer video ထွက်လာခဲ့ပါတယ်။

Trailer ထဲမှာ မင်းသားက နှင်းတွေဝေနေတဲ့ အချိန်မှာ စက်ဘီးလေးနင်းလာတဲ့အပိုင်းနဲ့ စ ခဲ့ပါတယ်။ ပြီးတော့ မင်းသားရဲ့ “ကိုယ်တောင်းပန်ပါတယ်… ဒါတွေအားလုံးက ကိုယ့်ကြောင့်ပါ” ဆိုတဲ့ နောက်ခံစကားကို ထည့်ထားပါတယ်။ နောက်ဇာတ်ကွက် ကတော့ Jisoo နဲ့ မင်းသားနဲ့ ဝင်တိုက်မိတဲ့အကြောင်းလေးပါ။ ထိုအပိုင်းမှာတော့ Jisoo က “လွမ်းလိုက်တာ… ဖြစ်နိုင်ရင် နောက်တကြိမ်လောက် တွေ့ချင်တယ်” လို့ ရေရွတ်ထားပါတယ်။

၁မိနစ်မပြည့်တဲ့ Teaser နဲ့ တင် ကြည့်ရှူသူကို ဆွေးဆွေးမြေ့မြေ့လေး ဖြစ်သွားစေတာ ဇာတ်လမ်းတစ်ခုလုံးသာ ကြည့်ရမယ်ဆို မျက်ရည်အိုင်ထွန်းပြီး တော်တော်ခံစားရမှာ မြင်ယောင်နေပါပြီ။ sad ending မဟုတ်ဘဲ happy ending ဖြစ်ပါစေလို့ မင်မင်က ဆုတောင်းနေပါတယ်။ ပရိသတ်ကြီးတို့ အတွေးကရော ?

Source: Allkpop
Written: Violet