Celebrity News

၂ နှစ်အတွင်း Ma Zehan ကို လက်ထပ်မယ်လို့ ကြွေးကြော်ကတိပေးလိုက်တဲ့ Dylan Kuo

စက်တင်ဘာလတုန်းက ချိုင်းနားဖျော်ဖြေရေးလောကရဲ့ အနုပညာရှင်စုံတွဲအသစ်လေးကို မှတ်မိကြရဲ့လား? အသက် ၁၉ နှစ်ကျော် ကွာတာကြောင့် ဦးဦးနဲ့ဘေဘီ စုံတွဲဆိုပြီ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်နေကြတဲ့ Dylan Kuo နဲ့ Ma Zehan တို့စုံတွဲဟာ စက်တင်ဘာလ (၆) ရက်နေ့, Ma Zehan ရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာပဲ အချစ်ရေးကိင တရားဝင်ချပြပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ် “Eternal Love of Dream” ကို အတူရိုက်ကူးစဉ်ကတည်းက Dating ကောလဟာလတွေလည်း ထွက်ခဲ့ဖူးပါသေးတယ်။ Dylan Kuo ကိုတော့ Eternal Love of Dream Ever Night, The Negotiator တို့ထဲ ပရိသတ်တို့ သတိထားမိခဲ့ကြမှာဖြစ်ပြီး Ma Zehan ကိုတော့ Eternal Love of Dream, Forward Forever, The Brightest Star in the Sky စတဲ့ဇာတ်လမ်းတွဲတွေကြောင့် ရင်းနှီးနေကြပါလိမ့်မယ်။

ဒီစုံတွဲသစ်လေးက တွဲနေကြောင်းကို တရားဝင်ချပြတာ ၁ လ ကျော်ကျော်လေးပဲ ရှိသေးပေမဲ့ Dylan Kuo က လက်ထပ်ဖို့ အသင့်ဖြစ်နေကြောင်း မီဒီယာရှေ့မှာ ထုတ်ပြောခဲ့ပါတယ်။ Dylan က “Ma Zehan ကို လက်ထပ်ဖို့ အသင့်ဖြစ်နေပါပြီ။ ၂ နှစ်အတွင်းမှာ လက်ထပ်ယူဖို့ စီစဉ်ထားပါတယ်။

ပေကျင်းမှာလည်း အိမ်အသစ် ဝယ်ထားပြီးပါပြီ။ သတို့သားအရံတွေအတွက် Peter Ho နဲ့ Calvin Chen တို့ကို ရည်ရွယ်ထားပေမဲ့ သူတို့ ၂ ယောက်က လက်ထပ်ပြီးသွားပြီဆိုတော့ လုပ်လို့မရတော့ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော် မင်္ဂလာဆောင်ရင် Jiro Wang ကိုပဲ သတို့သားအရံလုပ်ခိုင်းရတော့မှာပေါ့” လို့ အသေးစိတ်စီစဉ်ထားပုံကို ဖွင့်ပြောခဲ့ပါတယ်။

Dylan Kuo က ၄၄ နှစ်အရွယ်ဖြစ်ပြီး Ma Zehan ကတော့ ၂၅ နှစ် ပြည့်ပြီးခါစလေးပဲ ရှိပါသေးတယ်။ မင်္ဂလာ‌‌‌ဆောင်ဖို့ တစ်ခုချင်းစီ စီစဉ်နေပုံအရ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်တောင် ချစ်သလဲဆိုတာကို ခန့်မှန်းမိနေပါပြီ။ ၂ နှစ်အတွင်း မင်္ဂလာသတင်းကို နားစွင့်နေပါပြီနော်။

Source: AppleDaily
Photos: Weibo
Translated by Julix