Celebrity News

၁၀ နှစ်ကြာတွဲခဲ့ပြီးနောက် မိသားစုဘဝတည်ဆောက်ဖို့ သဘောတူပြင်ဆင်နေပြီဖြစ်တဲ့ Pancake

ထိုင်းအနုပညာရှင်စုံ‌တွဲတွေကတော့ တော်တော်ကြီးကို နှစ်ကြာအောင်တွဲနိုင်ပြီး အချစ်ရေးတွေက တော်တော်ကိုခိုင်မြဲကြပါတယ်။ ချစ်သူရသွားရင်လည်း ပရိသတ်တွေကိုယ်တိုင်က အားပေးကြတာဖြစ်လို့ ထိုင်းအနုပညာလောက,က တကယ်ကို နွေးထွေးတဲ့အသိုက်အမြုံကြီးလိုကို ဖြစ်နေတာပါ။

ပရိသတ်အချစ်တော် မင်းသမီး Pancake Khemanit ကလည်း သူမရဲ့ ချစ်သူဖြစ်သူ ရဲအရာရှိ Mee Saksunthorn နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတော့တယ်။ Pancake နဲ့ Mee Saksunthorn တို့ တွဲနေကြတာဟာ ၁၀ နှစ်ကျော်ရှိနေပါပြီ။ အချိန်အကြာကြီးတွဲနေတာကြောင့် ပရိသတ်တွေက မြန်မြန်လေး လက်ထပ်စေချင်နေကြတာပါ။

Pancake ရဲ့ အမေကတော့ မကြာသေးခင်မှာ လက်ထပ်ပွဲလုပ်မယ့်အကြောင်း ပြောပြခဲ့တာကြောင့် တော်တော်လေး အံ့ဩကုန်ကြပါတယ်။ Pancake ရဲ့ မိခင်ဖြစ်သူက “အချိန်အခါကောင်းကို စောင့်ဆိုင်းနေတာဖြစ်လို့ သတင်းကောင်းကတော့ သိပ်မကြာခင် ကြားရတော့မှာပါ။

နှစ်ယောက်စလုံးက ၁၀ နှစ်ကျော်တွဲပြီးလို့ တစ်ယောက်အကြောင်းတစ်‌ယောက် ပိုသိလာတယ်။ အပြန်အလှန်နားလည်ရင်း မိသားစုကို ဂရုစိုက်ဖို့၊ အားပေးပံ့ပိုးဖို့ကို ကောင်းကောင်းနားလည်နေကြပြီ။ ဒီအတွက်လည်း ကျွန်မကိုယ်တိုင်တောင် မျက်ရည်ဝဲရပါတယ်” လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

Pancake လို ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးက ရွေးချယ်စရာလူပေါင်းများစွာထဲမှာ Mee Saksunthorn ကို လက်ခံချစ်ခင်ခဲ့တာကတော့ တကယ်ကို ဖူးစာပါလို့ဖြစ်ပါလိမ့်မယ်။ မကြာခင်လည် လက်ထပ်မယ့်သတင်းကို ကြားရတော့မယ်ထင်ပါတယ်။

Source: Kapook
Photos: Instagram
Translated by Julix