Celebrity News

တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသံတမန်အနေနဲ့ “Dear Earth” ပွဲမှာ မိန့်ခွန်းပြော၊ သီချင်းတွေဖျော်ဖြေခဲ့တဲ့ BLACKPINK

ဒီကနေ့ October 24 ရက်နေ့မှာ ကမ္ဘာကြီးပူနွေးပြောင်းလဲလာတာနဲ့ပက်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ နာမည်ကြီး celebrity တွေဟာ လူထုအတွက် ပြောဟော ပေးရတဲ့ “Dear Earth” ပွဲကြီး ကို YouTube မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ထိုပွဲကို ကမ္ဘာ့ကုလသမ္မဂ (UN) ကနေ ရာသီဥတုသံတမန် အဖြစ်ခန့်အပ်ထားတဲ့ BLACKPINK က လည်း တက်ရောက် ဟောပြောခဲ့ပါတယ်။

BLACKPINK member တွေဟာ ကိုရီးယား၊ English၊ Thai အစရှိတဲ့ ဘာသာစကား (၃)မျိုးနဲ့ မိန့်ခွန်းပြောခဲ့တာပါ။ ထိုမိန့်ခွန်းမှာ ခုဖြစ်နေတဲ့ ကမ္ဘာကြီး ရာသီဥတု ပြောင်းလဲလာတာနဲ့ပက်သက်ပြီး လူသားတွေက ဘယ်လိုဖြေရှင်းရင်ကောင်းမလည်းဆိုတာ အပြုသဘောဆန်ဆန် ပရိသတ်တွေ အမြင်ကျယ်အောင် ရှင်းပြခဲ့ပါတယ်။

BLACKPINK ဟာ မိန့်ခွန်းအပြင် သူတို့ရဲ့ ဂန္တဝင်သီချင်းအေး​အေးလေး ဖြစ်တဲ့ “Stay” နဲ့ လည်း ပရိတ်သတ်တွေအတွက် live ဖျော်ဖြေခဲ့ပါတယ်။ “Dear Earth” ပွဲရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့ပြောရေးဆိုခွင့်ရှိသူတွေက တဆင့် လူထုကို climate change နဲ့ ပက်သက်ပြီး အသိပညာ အတတ်ပညာတွေ မျှဝေဖို့ဖြစ်ပါတယ်။

သီချင်း performance ကောင်းကောင်းလေးတွေ နဲ့ လူထုကို စိတ်သက်သာရာရ စေတဲ့ ရည်ရွယ်ချက်လည်းပါ ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား၊ Google CEO , billie eilish, Lil Dicky နဲ့ Gata အစ ရှိတဲ့ နာမည်ကြီးတွေ ပါဝင်ဟောပြောတင်ဆက်ကြတာဖြစ်ပါတယ်။ အဆိုပါလူတွေနဲ့ BLACKPINK ဟာ ဟောပြောတင်ဆက်နိုင်ခဲ့တာမို့ တကယ့်ဂုဏ်ယူဖွယ်ရာပါဘဲနော်

Source: Allkpop
Written : Violet