Celebrity News

တွဲဖက်သရုပ်ဆောင်ချင်တဲ့ မင်းသမီးလေးတစ်ဦးရှိကြောင်း ‌ဖွင့်ပြောဖူးတဲ့ Luo YunXi

ချိုင်းနားဇာတ်လမ်းတွေကြည့်သူတိုင်း Luo YunXi ကို မသိဘဲမနေကြပါဘူးနော်။ Ash of Love ကတည်းက အချစ်ခံရတဲ့ မင်းသားလေးဖြစ်ပြီး လက်ရှိမှာလည်း အနုပညာအလုပ်နဲ့ပတ်သက်လို့ အသားကုန်ကြိုးစားအားထုတ်နေတာကြောင့် အောင်မြင်မှုတွေကို ‌တနေ့တခြားပိုင်ဆိုင်လာပါတယ်။ နာမည်ကြီးမင်းသမီးတွေနဲ့လည်း တွဲဖက်ရိုက်ကူးနေတဲ့ မင်းသား YunXi ဟာ အတူတွဲဖက်သရုပ်‌ဆောင်ချင်တဲ့ မင်းသမီးတစ်ဦးရှိကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

Luo Yunxi က အရင်ကတည်းကတိုင်း ထိပ်တန်းမင်းသမီးဖြစ်တဲ့ Dilireba ရဲ့ သရုပ်ဆောင်မှုတွေကို နှစ်သက်သူတစ်ယောက်ပါ။ အင်တာဗျူးတစ်ခုမှာတော့ သတင်းထောက်တစ်ဦးဟာ Lyu YunXi အနေနဲ့ တွဲဖက်သရုပ်ဆောင်ချင်တဲ့ မင်းသမီးရှိလားဆိုပြီး မေးမြန်းခဲ့ပါတယ်။ YunXi က ချက်ချင်းပဲ နှစ်လိုပဲ အပြုံးလေးနဲ့ “တွဲဖက်သရုပ်ဆောင်ချင်တဲ့ မင်းသမီးလား?.. ရှိပါတယ်။ ထိပ်တန်းမင်းသမီး Dilireba နဲ့အတူ အနာဂတ်မှာ တွဲဖက်ပြီး သရုပ်ဆောင်ဖူးချင်ပါတယ်” လို့ တွေဝေခြင်းမရှိဘဲ ဖြေပေးခဲ့ပါတော့တယ်။

Dilireba နဲ့ YunXi ဟာ ဆုပေးပွဲအခမ်းအနားတွေမှာလည်း တွေ့ဆုံဖူးတာကြောင့် ပရိသတ်တွေကလည်း ဒီသရုပ်ဆောင် ၂ ဦးရဲ့ ပေါင်းစည်းမှုကို မြင်တွေ့လိုနေကြပါတယ်။ YunXi ရဲ့ ဆန္ဒအတိုင်း အကယ်၍သာ ဇာတ်ညွှန်အသစ်အဆန်းတွေ တီထွင်နိုင်လွန်းတဲ့ ချိုင်းနားဇာတ်လမ်းသစ်တွေမှာ Dilireba နဲ့ YunXi တို့ ပါဝင်တွဲဖက်လိုက်မယ်ဆိုရင်တော့ ဝက်ဝက်ကွဲနာမည်ကြီးဦးမယ့် ဇာတ်လမ်းတွေ ဖြစ်လာဦးတော့မှာပါ။

Source: Cpophome
Photos: Weibo
Translated by Julix