Celebrity News

Gucci dress ကို ဆင်တူဝတ်ထားကြပေမဲ့ မတူညီတဲ့ style တွေနဲ့ အပြတ် chill နေတဲ့ Kai နဲ့ IU

IU နဲ့ EXO အဖွဲ့ဝင် Kai တို့ဟာ November လ ထုတ် ELLE Korea magazine အတွက် ပုံတွေရိုက်ကူးပေးခဲ့ကြပါတယ်။ နှစ်ယောက်စလုံးဟာ Gucci brand ambassador တွေ ဖြစ်တာကြောင့် ဒီဓာတ်ပုံရိုက်ကူးရေးမှာ Balenciaga နဲ့ Gucci တံဆိပ် င်္အကျီတွေကိုသာ ခပ်ဆင်ဆင် ဝတ်ဆင်ခဲ့ကြပါတယ်။

ဝတ်စုံပေါင်းများစွာ ဝတ်ခဲ့ကြပေမဲ့ ထိုထဲကမှ တစ်ပုံစံတည်းထပ်တူညီတဲ့ ဝတ်စုံကတော့ အနီရောင် suit ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Suit ဟာ ကျား/မ မရွေးဝတ်လို့ရတဲ့ outfit ဖြစ်ပါတယ်။ ဒါကြောင့် Kai ရော IU ရော ဒီအနီရောင် suit ကို ဝတ်ပြခဲ့ကြပြီး fashion မှာ ကျား/မခွဲခြားတာမျိုး မရှိကြောင်း သက်သေပြခဲ့ပါတယ်။

သူတို့နှစ်ယောက်ဝတ်ပြခဲ့တဲ့ ထို အနီရောင် ကတ္တီပါသား suit ဟာ နယ်နယ်ရရတော့မဟုတ်ပါဖူး။ ထို suit ရဲ့ မူရင်းလက်ရာရှင်ဟာ Tom Ford ဖြစ်ပြီး 1990 ခုနှစ်မှာ Gucci brand အတွက် ဖန်တီးချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ 1996 ခုနှစ် MTV Video Music ဆုပေးပွဲကြီးမှာ အမေရိကန်မင်းသမီးကြီး Gwyneth Paltrow ဟာ ထို အနီရောင် suit ဝတ်လာခဲ့တာကြောင့် ဒီ suit ဟာ ပိုနာမည်ကြီးသွားခဲ့ပါသေးတယ်။

ခု 2021 ခုနှစ်မှာတော့ Gucci ဟာ ဒီ ဒီဇိုင်းကို တဆင့်မြှင့်ပြီး ဖန်တီးခဲ့ပါတယ်။ Gucci ရဲ့ creative director ဖြစ်တဲ့ Alessandro Michele က ထပ်ကွန့်ညွှန့်ခဲ့တာဖြစ်ပြီး အောက်ခံ shirt ကို ခဲရောင်သုံးကာ လည်ပင်းမှာ သားရေသား လည်ပတ်ပုံစံ ချိန်းကြိုးတွေ ထပ်ထည့်ခဲ့ပါတယ်။

ခုလို elegant look ကနေ ဆွဲဆောင်မှုရှိပြီး အရိုင်းဆန်တဲ့ look ပေါက်သွားအောင် ထပ်ထွင်ထားတဲ့ Red suit ကို Kai နဲ့ IU တို့က ဦးဆုံး ဝတ်ဆင်ခွင့်ရရှိခဲ့တာဘဲဖြစ်ပါတယ်။ ဒါပေမဲ့ Gucci ဟာ နှစ်ယောက်သား ကို မတူညီတဲ့ ပုံစံတွေနဲ့ ဝတ်ဆင်စေခဲ့ပါတယ်။

Kai ကိုတော့ လည်ပင်းမှာ အမည်းရောင် လည်သာ သားရေကြိုးတပ်ဆင်စေခဲ့ပြီး နားမှာလည်း မိန်းကလေးတွေဆွဲတဲ့ နားကပ်ပန်ခိုင်းခဲ့ပါတယ်။ တခြားသူနဲ့မဆို ဘယ်လိုဖြစ်မလဲမသိပေမဲ့ ဘယ် fashion လာလာ စိန်ခေါ်ဝတ်ချင်နေတဲ့ Kai နဲ့တော့ လိုက်ဖက်နေတာကို တွေ့ရမှာပါ။

IU လေးကိုတော့ လည်ပင်းမှာ ဘာမှ ရှုပ်ရှုပ်ယှက်ယှက်မဆင်ထားပေးဘဲ IU ရဲ့ခြေတံလေးရှည်သွားသယောင် ထင်ရအောင် ခါးရှည်ဘောင်းဘီ အောက်ကားကားလေးကို ဝတ်ခိုင်းထားပါတယ်။ နှစ်ယောက်သား မတူညီတဲ့ vibe နဲ့ အပြတ် chill နေကြတာ သဘောကျပါရဲ့လား ပရိတ်သတ်ကြီးရေ

Source: Koreaboo
Written: Violet