Celebrity News

ခင်ပွန်းဟောင်းနဲ့ ပတ်သက်ပြီး တည်ငြိမ်တဲ့ဆက်ဆံပုံကြောင့် ချီးကျူးခံနေရတဲ့ Zhao Liying

ထိပ်တန်းမင်းသမီး Zhao Liying ဆိုတာဟာ သတင်းမီဒီယာတွေနဲ့ ပရိသတ်တွေကြား အလွှမ်းမိုးထားနိုင်ဆုံး မင်းသမီးတစ်ဦးပါပဲ။ ခင်ပွန်းဖြစ်သူ Feng Shaofeng နဲ့ ကွာရှင်းပြီးနောက်ပိုင်း အရင်ကထက်တောင် အာရုံစိုက်ခံလာရပြီး မကြာသေးခင်က အင်တာဗျူးမှာလည်း ခင်ပွန်းဟောင်းနဲ့ပတ်သက်လို့ မေးမြန်းစပ်စုခြင်းကို ခံလိုက်ရပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက နှစ်ဦးသဘောတူတရားဝင် ကွာရှင်းပြီးနောက်ပိုင်း မင်းသမီး Zhao Liying အနေနဲ့ ဘယ်ကိုသွားသွား ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တဲ့ အိမ်ထောင်ရေးအကြောင်းကို အမေးခံရတာ အကြိမ်ကြိမ်ရှိနေပါပြီ။ ဒီတစ်ခါမှာတော့ “ကွာရှင်းပြီးနောက်ပိုင်း ခင်ပွန်းဟောင်း Feng Shaofeng နဲ့တွေ့ရင် သူ့ကို ဘယ်လိုခေါ်လဲ?” ဆိုပြီး မေးမြန်းခံလိုက်ရတာပါ။

ရုတ်တရက်ထိုးနှက်လိုက်တဲ့မေးခွန်းဖြစ်ပေမဲ့ Zhao Liying က “ပရိသတ်တွေရှေ့မှာဖြစ်စေ၊ မမြင်ရတဲ့နောက်ကွယ်မှာဖြစ်စေ.. ကျွန်မက သူ့ကို မိတ်‌ဆွေကောင်းလို့ သတ်မှတ်ထားတာဖြစ်လို့ “မိတ်ဆွေ” လို့ပဲ သုံးနှုန်းပါတယ်” ဆိုပြီး တည်ငြိမ်အေးဆေးစွာ ပြန်ဖြေပေးခဲ့ပါတယ်။ ဒီအကြောင်းက အင်တာနက်တခွင် ပြန့်သွားပြီး Zhao Liying ရဲ့ တည်ငြိမ်မှုနဲ့ တဖက်လူကို လေးစားမှုရှိတဲ့ကိုယ်ကျင့်တရားအား ချီးမွမ်းခဲ့ကြပါတော့တယ်။

“ခင်ပွန်းဟောင်း” လို့ လုံးဝသုံးမသွားဘဲ မိတ်ဆွေအဖြစ် အသိအမှတ်ပြုသွားတဲ့ Zhao Liying ကို netizen တွေက “EQ က တော်တော့်မြင့်တာပဲ”, “သူမရဲ့ အဖြေကို ကြိုက်လိုက်တာ”, “ကိုယ့်ရဲ့အဆက်ဟောင်းကို မိတ်ဆွေအဖြစ် ဆက်ဆံနိုင်တဲ့သူက လူနည်းစုပဲ လုပ်နိုင်တာ။ အခုကတော့ ရင့်ကျက်တည်ငြိမ်လာမှုရဲ့ စကားလုံးလေးတွေပေါ့!” စသဖြင့် ချီးမွမ်းသံတွေ ညံညံဝေနေပါတော့တယ်။

Source: ChinaTimes
Photos: Weibo
Translated by Ivy