Celebrity News

‘2022 Grammy Awards’ မှာ ထပ်မံပြီး ဆုစာရင်းဝင်လာခဲ့တဲ့ Kpop ဂုဏ်ဆောင် BTS အဖွဲ့

BTS အဖွဲ့ကတော့ မရဖူးတဲ့ဆုကို မရှိသလောက် အောင်မြင်မှုတွေသိမ်းပိုက်ထားတာပါ။ အနောက်နိုင်ငံကဆုပေးပွဲတွေမှာလည်း အရှေ့တိုင်းအနုပညာရှင်အဖွဲ့အဖြစ် ဂုဏ်မြင့်စေခဲ့တဲ့ BTS ဟာ ‘2022 Grammy Awards’ မှာ ထပ်မံပြီး ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

Grammy ဆုကိုတော့ လက်ခံရရှိချင်ကြောင်း အဖွဲ့ဝင်တွေက မျှော်မှန်းတောင့်တထားကြပြီး အဲ့အတွက်လည်း ကြိုးစားနေကြတာကို လူတိုင်းသိထားကြပါတယ်။ ‘2022 Grammy Awards’ မှာ BTS အဖွဲ့ဟာ သူတို့ရဲ့ တစ်ပုဒ်လုံး အင်္ဂလိပ်လိုသီဆိုထားတဲ့ “Butter” သီချင်းနဲ့ ဆုစာရင်းဝင်လာတာပါ။

‘Best Pop Duo/Group’ ဆုအတွက် BTS က ဂုဏ်ယူစွာ ဆုစာရင်းဝင်လာခဲ့တာဖြစ်ပြီး ဆုပြိုင်ဖက်တွေအဖြစ် 24kGoldn ရဲ့ “Mood”, Doja Cat ရဲ့ “Kiss Me More”, Miley Cyrus ရဲ့ “Without You” နဲ့ Lizzo ရဲ့ “Rumors” အစရှိတဲ့ ဒိတ်ဒိတ်ကြဲသီချင်းတွေကလည်း ပါဝင်လာခဲ့တာပါ။

Kpop အဖွဲ့တွေကြားမှာ BTS အဖွဲ့အနေနဲ့ ဂုဏ်တင့်တယ်စွာ ဆုစာရင်းဝင်လာခဲ့တာဖြစ်လို့ ပရိသတ်တွေကတော့ ရင်ခုန့စောင့်စားနေကြပါပြီ။ BTS အဖွဲ့ကတော့ ‘Grammy Awards’ အတွက် အရင်ကတည်းက စကာတင်ဝင်ထားနိုင်သူတွေပါ။

အဖွဲ့ရဲ့ 2020 အယ်ဘမ်ဖြစ်တဲ့ album ‘Map of the Soul: 7’ ဟာ ‘Album of the Year’, ‘Best Engineered Album, Non-Classical’ နဲ့ ‘Best Pop Vocal Album’ ဆုတွေအတွက် စကာတင်ဝင်ခဲ့ဖူးပြီး “Dynamite” သီချင်းကလည်း ‘Song of the Year’, ‘Record of the Year’, ‘Best Music Video’ နဲ့ ‘Best Pop Duo/Group Performance’ တွေအတွက် ဆုစာရင်းဝင်ခဲ့ဖူးပါတယ်။ ‘2022 Grammy Awards’ မှာလည်း စကာတင်ဆုစာရင်းဝင်တွေအဖြစ် ပါဝင်လာနိုင်ပြီဖြစ်လို့ အဖွဲ့ဝင်တွေရဲ့ မျှော်လင့်ချက်အတိုင်း ဆုရရှိဖို့ကို ပရိသတ်တွေက ဆုတောင်းပေးနေကြပါပြီ။

Source: Allkpop
Photos: BTS Official
Translated by Ivy