Celebrity News

မော်ဒယ်တွေတောင် ထိုင်ငိုသွားလောက်တဲ့ အရပ်ရှည်ရှည် ဘော်ဒီလှလှ ထိုင်းမင်းသမီး (၁၀) ဦး

ထိုင်းဇာတ်ကားတွေကြည့်နေကျသူဆိုရင် ထိုင်းမင်းသမီးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ မြင့်မားတဲ့အရပ်ရှည်ကြီးတွေကို သတိထားမိကြလောက်ပါတယ်။ ဖော်ပြပေးမယ် ထိုင်းမင်းသမီး (၁၀) ဦးကတော့ မော်ဒယ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ Body Structure တွေကြောင့် အားလုံးထဲ ထင်းနေတဲ့သူတွေပါပဲ။

Kimmy Kimberley
အနောက်တိုင်းသွေးရောတဲ့ Kimmy Kimberley ရဲ့အလှကတော့ မော်ဒယ်ဆန်လှပါတယ်။ 171 cm ရှည်တဲ့ အရပ်ကြီးနဲ့ အချိုးအစားကျတဲ့ ဘော်ဒီကတော့ Kimmy အတွက် ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ။

Mai Davika
ပိန်သွယ်ပါးလျပေမဲ့ မော်ဒယ်စံနှုန်းနဲ့ကိုက်ညီနေတဲ့ Mai Davika ကတော့ ရှည်လျားတဲ့ ခြေတံရှည်တွေကို ပိုင်ဆိုင်ထားသူပါ။ 173 cm ရှည်တဲ့အရပ်နဲ့တင် Davika ရဲ့အလှက ထင်းနေတာဖြစ်လို့ မော်ဒယ်လောကထဲသာ ရောက်သွားခဲ့ရင်လည် တကယ့်ထိပ်ခေါင်တင်ဖြစ်လာဦးတော့မှာပါ။

Yaya Urassaya
ထိုင်း-နော်ဝေစပ် အပြုံးချိုချိုပိုင်ရှင်လေး Yaya Urassaya ရဲ့ အရပ်ကတော့ 171 cm အထိ မြင့်မားပြီး ဘော်ဒီသိပ်လှသူလေးဖြစ်ပါတယ်။ တခါတရံ ဖက်ရှင်ရှိုးတွေမှာ catwalk လျှောက်လေ့ရှိတဲ့ Yaya ကိုတော့ ကြေးမြင့်မော်ဒယ်တစ်ဦးလို့တောင် အထင်မှားတတ်ကြပါတယ်။

Bow Maylada
မင်းသမီးချော Bow Maylada ကတော့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိူးအစားအပြင် အရပ်က 176 cm အထိ မြင့်ပါတယ်။ ရှည်လျားတဲ့ခြေတံလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးဖြစ်တာကြောင့် မြင်သူတကာ ကြွေဆင်းစမြဲပါပဲ။

Pooklook Fonthip
Miss Universe Thailand ဖြစ်ဖူးတဲ့ Pooklook Fonthip ကတော့ အရပ် 170 cm ရှိပြီး catwalk လျှောက်တိုင်း တိကျသေသပ်တဲ့အရှိန်အဝါကို ပေးစွမ်းနိုင်သူ မင်းသမီးလေးဖြစ်ပါတယ်။

Aum Patchrapa
အသက်ကြီးလေ နုလေ ဖြစ်တဲ့ မင်းသမီး Aum ကတော့ အရပ်က 169 cm ပဲရှိပေမဲ့ တကယ်ကို သွယ်ဆင်းနေတဲ့ ခြေတံလှလှလေးကို ပိုင်ဆိုင်ထားတာကြောင့် မော်ဒယ်လုပ်ရင်တောင် ရနေတဲ့ အလှပဂေးပါပဲ။

Chompoo Araya
အရပ်ရှည်ရှည် ဘော်ဒီလှလှဆိုရင် ဖက်ရှင်ဘုရင်မကြီး Chompoo Araya ကို ချန်ထားလို့ မရပါဘူးနော်။ 170 cm အထိ မြင့်တဲ့ အရပ်နဲ့ ကော်‌ဇောနီထက်က Chompoo ရဲ့အလှကတော့ ခေတ်တွေပြောင်းတောင် ရေပန်းစားဆဲပါပဲ။

Vill Wannarot
အနောက်တိုင်းဆန်ဆန် လှပတဲ့ Vill Wannarot ကလည်းပဲ အရပ် 169 cm ပဲရှိပေမဲ့ ထင်ရှားနေတဲ့ ခြေတဲ့သွယ်သွယ်ရှည်ရှည်ကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ့အသွင်အပြင်ကြောင့်ပဲ မော်ဒယ်လောကမှာပါ နေရာရနေတဲ့သူဆိုရင်လည်း မမှားပါဘူး။

Mook Worranit
Mook Worranit ကလည်း မော်ဒယ်အချိုးအစားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အရပ်ကတာ့ 171 cm ရှိတဲ့အပြင် ဘော်ဒီတည်ဆောက်ပုံက‌လည်း ရှယ်လန်းတဲ့အထဲမှာ ပါသူလေးပါပဲ။

Pimmy Pimprapa
ရုပ်ရည်ကလည်း ပြောစရာမရှိတဲ့အပြင် ပြေပြစ်လှပပြီး 169 cm မြင့်တဲ့ အရပ်ရှည်ကြီးကိုပိုင်ဆိုင်ထားသူ Pimmy ကတော့ Brand ပစ္စည်းပေါင်းများစွာရဲ့ မော်ဒယ်အဖြစ်တောင် နေရာယူထားသူပဲ ဖြစ်ပါတော့တယ်။

Source: ThaiStars
Photos: Instagram
Translated by Ivy