Celebrity News

Street Woman Fighter ပြိုင်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသလို Running man အစီအစဉ်မှာလည်း အပြတ်ချဲတော့မဲ့ crew leader များ

Korea ရဲ့ အကသမား Dancer တွေဟာ Mnet ရဲ့ “Street Woman Fighter” survival show ကြောင့် ကမ္ဘာနဲ့ တဝှမ်းလူသိများလာသလို ပရိတ်သတ်တွေ အများကြီးလည်း ရလာကြပါတယ်။ အရင်က Idol ရဲ့ backup dancer အဖြစ် မထင်မရှားရှိနေခဲ့ပေမဲ့ ခုတော့ Korea Entertainment လောကမှာပါ နေရာပေးခြင်းခံနေရပါပြီ။

ခု Variety Show အစီအစဉ်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ “Running Man” show ကို လည်း Guest တွေ အဖြစ် သွားရောက်ခွင့်ရခဲ့ပါပြီ။ Hook အဖွဲ့ရဲ့ Leader ဖြစ်သူ ကမ္ဘာနဲ့ချီလူသိများတဲ့ “Aiki”,

‘Prowdmon’ အဖွဲ့ရဲ့ Leader ဖြစ်သူ ဝါရင့်အကပညာရှင် Monika,

“YGX”အဖွဲ့ရဲ့ leader ဖြစ်သူ အသက်ငယ်ပေမဲ့ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ Lee Jung

(SWF Winner) Holybang အဖွဲ့ရဲ့ Leader ဖြစ်သူ Hip Hop ကျွမ်းကျင်ပညာရှင် “Honey J”

တို့က Running man မှာ သွားရောက် ကစားမှာဖြစ်ပါတယ်။သူတို့ဟာ underground battle မှာ အကပြိုင်ဖူးကြသလို running man မှာလည်း ဘယ်လို ယှဉ်ပြိုင်ကစားကြမလည်းဆိုတာ ရင်ခုန်စရာပါဘဲ။ အထူးသဖြင့် Aiki က ရီရပြီး Lee Jung က ဖော်ရွေပါတယ်။ သူတို့နှစ်ယောက်ကတော့ running man မှာ တော်တော်ကဲကြမှာ မြင်ယောင်ပါတယ်။ Monica နဲ့ Honey J ကတော့ အမကြီးတွေဖြစ်လို့ ကစားတာ ညင်သာကြမယ် ထင်ပါတယ်။ သူတို့(၄)ယောက်ပါတဲ့ အပိုင်းဟာ November လ လောက်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Source: Koreaboo
Written: Violet