Celebrity News

ဆန်းပြားတဲ့ဇာတ်လမ်းသစ်ကို အတူရိုက်ကူးဖို့ ဆွေးနွေးညှိနှိုင်းနေပြီဖြစ်တဲ့ Dilireba နဲ့ Lay Zhang

စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းမျိုးတွေဟာ ဇာတ်လမ်းချစ်ပရိသတ်ကြီးတွေကြား‌မှာတော့ တော်တော်ရေပန်းစားပါတယ်။ ကြည့်ရတာတော့ မိုက်ပေမဲ့ ရိုက်ကူးဖို့ကတော့ တော်တော်မလွယ်တာကြောင့် ဒါရိုက်တာတိုင်း လက်တွန့်ကြတဲ့ ဇာတ်လမ်းမျိုးတွေပါပဲ။ ချိုင်းနားရိုက်ကူးရေးတစ်ခုကတော့ ပြည်တွင်းမှာတအားကိုနာမည်ကြီးတဲ့ ဝတ္ထု “Ball Lightning” ကို Live Action အဖြစ် အသက်သွင်းရိုက်ကူးတော့မှာပါ။ ဒီဇာတ်လမ်းအတွက် အဓိကဇာတ်လိုက်တွေအဖြစ် ညှိနှိုင်းဆွေးနွေးနေသူတွေကတော့ ထိပ်တန်းမင်းသမီး Dilireba နဲ့ နာမည်ကြီး Idol သရုပ်‌ဆောင် Lay Zhang ပါပဲ။

ဇာတ်ညွှန်းအတိအကျမထွက်သေးပေမဲ့ မူလဝတ္ထုထဲမှာကိုက စိတ်ဝင်စားဖို့ကောင်းပြီး နည်းနည်းလေးတော့ ရှုပ်ထွေးလှပါတယ်။ ဝတ္ထုပါအကြောင်းအရာအရ ကမ္ဘာကြီးရဲ့သီအိုရီတွေနဲ့ဆက်စပ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ စစ်တပ်အတွက် လက်နက်ဆန်းတွေတီထွင်ရင်း ထင်မှတ်မထားတဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ Ball Lightning နဲ့ပတ်သက်လို့ Macro-Universe ထဲက ဖြစ်တည်မှုတွေကို လေ့လာတွေ့ရှိချက်‌တွေ၊ လူသားဖြစ်တည်မှုကို မျိုးတုံးပျောက်ကွယ်စေမယ့် , စသဖြင့် ပါဝင်နေပါတယ်။ ဒီလိုမျိုးဝတ္ထုကို ဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးဖို့ဆို‌တာက တော်တော်လေး စွန့်စားရဲတာပါပဲ။ ပြည်တွင်း ရောင်းအားအကောင်းဆုံးဖြစ်တဲ့အပြင် နာမည်ကြီးလူကြိုက်များပြီးသားဝတ္ထုဖြစ်တာကြောင့် ထုတ်လုပ်ရေးအပြင် ပါဝင်မယ့်သရုပ်ဆောင်‌တွေအတွက်ပါ စိန်ခေါ်မှု များလှပါတယ်။

အဓိကဇာတ်လိုက်အဖြစ် ကမ်းလှမ်းခံထားရတဲ့ Dilireba အတွက် အဆန်းသစ်ဆုံးဇာတ်ကောင်ဖြစ်တာကြောင့် ကြည့်ရှုသူတွေ အဆန်းဖြစ်နေမှာဖြစ်သလို Lay Zhang အနေနဲ့ကလည်း ဒီလိုစုံစမ်းဖော်ထုတ်ရတဲ့ကားမျိုးမှာ ပိုင်နိုင်တာကြောင့် တော်တော်မိုက်တဲ့ တွဲဖက်မှုပါပဲ။ ၂၀၂၁ ဒီဇင်ဘာလမှ စတင်ရိုက်ကူးမှာဖြစ်လို့ Update ကို စောင့်မျှော်ကြပါဦးနော်။

Source: Cdramaupdate
Photos: Weibo
Translated by Ivy