Celebrity News

မိဘကောင်းတွေ ပိုင်ဆိုင်ထားရတဲ့အတွက် ဝမ်းသာမှုတွေကို ဖုံးဖိမထားနိုင်ခဲ့တဲ့ Jungkook

မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို ပုံစံမျိုးစုံနဲ့ ပြုစုပျိုးထောင်ကြတာပါပဲ။ BTS’s Jungkook ရဲ့ မိဘနှစ်ပါးကတော့ ဖြစ်သင့်ဖြစ်ထိုက်တာတွေအတွက် လွတ်လပ်ခွင့်ပေးပြီး သားလေးရဲ့ အိမ်မက်တွေကိုလည်း အကောင်အထည်ဖော်ဖို့ အားပေးခဲ့ကြသူတွေပါ။ Live broadcast တစ်ခုမှာတော့ Jungkook ဟာ သူ့ရဲ့ ငယ်ဘဝအမှတ်တရတွေအကြောင်းပြောပြရင်း မိဘတွေအတွက် ဂုဏ်ယူမှုတွေကိုပါ ကြည်နူးဖို့ကောင်းအောင် ပြောပြခဲ့ပါတော့တယ်။

Jungkook ရဲ့ ငယ်ဘဝအမှတ်တရလေးကတော့ အခုလိုပါပဲ။ “ကျွန်တော်။ ကလေးဘဝ ပိစိလေးတုန်းကလေ စာလုံးပေါင်းသတ်ပုံစာမေးပွဲမှာ ခိုးချခဲ့ဖူးတယ်။ တော်တော်လေးကို ပြဿနာတက်သွားတာ။ ဆော်ပလော်တီးခံလိုက်ရတယ်ပေါ့နော်။ အဲ့တုန်းက အမေ ဘာပြောလဲဆိုတာ သေချာမမှတ်မိတော့ဘူး။

ကျွန်တောင်ထင်တာကတော့ “မင်း စာမေးပွဲမှာ အမှတ်ပြည့်ပဲရရ၊ သုညပဲ ရရ၊ ငါ ကိစ္စမရှိဘူ။ အခု ပြဿနာကဘာလဲသိလား.. မင်း ခိုးချတာက ပြဿနာပဲ” လို့ ပြောခဲ့တာထင်တယ်။ ကျွန်တော့်ရဲ့ မိဘတွေက အဲ့လိုပါပဲ။ ကျွန်တော် ငယ်ငယ်လေး‌တုန်းက ဘာပဲလုပ်ချင်ပါစေ.. အမေတို့က လုပ်ခွင့်ပေးတယ်။

သိသိသာသာကြီး လွဲမှားနေပြီ၊ လမ်းလွဲနေပြီဆိုရင်တော့ ကျွန်တော့်ကို ဆူကြပါတယ်။ ဒီနေ့ ဒီအချိန်အထိ အမေတို့ကြောင့် စိတ်ဖိစီးရတယ်ဆိုတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အဲ့အတွက်လည်း မိဘနှစ်ပါးကို တကယ်ကိုပဲ ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော် တကယ်လုပ်ချင်တဲ့အရာတိုင်း ခွင့်ပြုပေးတဲ့အတွက် အလွန်ကျေးဇူးတင်မိတယ်” ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။

Jungkook ရဲ့ မိဘနှစ်ပါးကတော့ တကယ့်ကို နည်းမှန်လမ်းမှန်နဲ့ ပြုစုပျိုးထောင်နိုင်ခဲ့တာပါပဲ။ BTS အဖွဲ့ထဲမှာ အငယ်ဆုံးလေးဖြစ်ပေမဲ့လည်း Jungkook ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေ ဘယ်လောက်တောင် ယဉ်ကျေးသေသပ်သလဲဆိုတာကတော့ မိဘနှစ်ပါးရဲ့ အဆုံးအမတွေအပြင် လူငယ်ဘဝ အတူဖြတ်သန်းခဲ့တဲ့ အစ်ကိုကြီး ၆ ယောက်ရဲ့ သွန်သင်မှုတွေကြောင့်ပဲ ဖြစ်ပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Translated by Ivy