Celebrity News

Medusa လို ညို့ချက်ပြင်းတဲ့အလှနဲ့ ပရိတ်သတ်တွေ မှင်သက်မိအောင် ပြုစားလိုက်တဲ့ Jennie

ဂရိရာဇဝင်ထဲက medusa ဟာ ​မွေးတုန်းက ပြိုင်စံရှားအလှကိုပိုင်ဆိုင်တဲ့သူပါ။ ဒါပေမဲ့ medusa ဟာ နတ်ဘုရားမ အေသီနာရဲ့ အပျိုတော် ဖြစ်ဖို့သာ စိတ်ဝင်စားပြီး ဘုရားကျောင်းမှာသာ နေပါတယ်။ Medusa ဟာ လှလွန်းတဲ့အတွက် သူမရဲ့အလှကို ခဏတာလေးဖြစ်ဖြစ် ကြည့်ချင်လွန်းလို့ ရာနဲ့ချီ ထောင်နဲ့ချီ ယောကျာ်းသားတွေဟာ သူမရှိရာ ဘုရားကျောင်းကို လာကြပါတယ်တဲ့။

ပြီးတော့ သူတို့က သူမရဲ့ဆံနွယ်တွေဟာ အေသီနာထက်တောင် လှတယ်လို့ ချီးမွမ်းကြပါတယ်။ ဒီအခါမှာ နတ်ဘုရားမက မနာလိုစိတ်ဝင်ပြီး နောက်ပိုင်း medusa နဲ့ ရေနတ်ဘုရား ပိုဆိုင်ဒွန် ပြဿနာတက်တဲ့ အချိန်မှာ medusa ကိုသာ ကျိန်စာတိုက်အပြစ်ပေးခဲ့ပါတယ်။ သူမမနာလိုရတဲ့ ဆံပင်တွေကို မြွေတွေအဖြစ်ပြောင်းလဲပစ်ပြီး Medusa ကို ကြည့်မိသူတိုင်း ကျောက်ရုပ်ဖြစ်သွားပါစေလို့ ကျိန်စာတိုက်ခဲ့ပါတယ်။

ဒါကြောင့် ဒီဘက်ခေတ်မှာဆိုရင် လူသားတွေက အလှနဲ့ပက်သက်ပြီး ငြို့ချက်ပြင်း ရူးသွားနိုင်လောက်အောင် ပြုစားနိုင်တဲ့သူမျိုးဆို medusa နဲ့ ခိုင်းနှိုင်းတင်စား လေ့ရှိပါတယ်။ ခုလည်း BLACKPINK အဖွဲ့ဝင် Jennie လေးဟာ 2021 ခုနှစ်ရဲ့ Halloween party အတွက် medusa လိုမျိုး ပြင်ပြီး ပုံတင်ခဲ့ပါတယ်။

မိတ်ကပ်ကို ပါးပါးလေး လိမ်းချယ်ပြီး lip gloss ကို ရွဲနေအောင်ဆိုးထားပါတယ်။ ဆံပင်ကိုတော့ အကြေကောက်လေး ဖွထားပြီး ရွှေရောင် မြွေရုပ်လေးတွေ ခေါင်းမှာ ပန်ထားပါတယ်။ အာရှသူ ဆိုပေမဲ့ ခုလို ဂရိနတ်ဘုရားမလိုမျိုး ပြင်လိုက်လည်း လှနေတာမို့ ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေက မှင်သက်နေကြပါတယ်။

“Jennie မင်းက အသက်ရှုမှားအောင်လှတယ်..” “ငါ့ရဲ့ဘုရင်မ Medusa” “ပျော်ရွှင်စရာ Halloween ဖြစ်ပါစေ ငါတို့ရဲ့ အလှနတ်ဘုရားမ Medusa” “Jennie ရေ မင်းကိုချစ်တဲ့သူတွေ ကမ္ဘာပေါ်မှာအများကြီး ရှိတယ်သိလား…ငါတို့ရဲ့ စံပြပုဂ္ဂိုလ်က မင်းပါ… မင်းကသန်မာပြီး အရည်အချင်းရှိရုံသာမက အတွင်းစိတ်ရော အပြင်ပန်းရော လှပဖြူစင်တဲ့သူပါ။ မင်းကိုယုံကြည်တယ်…ချစ်တယ်… ငါတို့ မင်းနဲ့အတူ အမြဲရှိနေမယ်” စသဖြင့် Instagram မှာ ပရိတ်သတ်တွေက မှတ်ချက်ရေးထားကြပါတယ်။

Source : Allkpop
Written : Violet