Chinese Celebrity

မွေးနေ့မတိုင်ခင် မွေးနေ့ပွဲအစောကြီး ပြုလုပ်ခံလိုက်ရတဲ့ Zhao Liying

ထိပ်တန်းမင်းသမီးချော Zhao Liying ကတော့ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာပဲ အသက် ၃၄ နှစ် ပြည့်တော့မှာပါ။ ကြီးလေ နုလေ.. နုပျိုနေတဲ့ Zhao Liying အတွက် အရင်တုန်းက ဇာတ်လမ်းတွဲဖက်ရိုက်ကူးဖူးတဲ့ မိတ်ဆွေတွေဖြစ်သူ Kenny Kwan နဲ့ Allen Ting တို့ဟာ မွေးနေ့ပွဲကို အစောကြီး ကြိုလုပ်ပေးခဲ့ပါတော့တယ်။

“The Legend of Chasing Fish” နဲ့ “The Wife’s Secret” ဇာတ်လမ်းတွဲတွေတုန်းက အတူတူတွဲဖက်ရိုက်ကူးဖူးခဲ့ရာမှ ရင်းနှီးနေခဲ့တဲ့ Kenny Kwan နဲ့ Allen Ting တို့ဟာ အောက်တိုဘာလ ၁၁ ရက်နေ့ကတည်းက မွေးနေ့ပွဲကို အစောကြီးလုပ်ပေးခဲ့တာပါ။

Zhao ကတော့ ထိုအချိန်တုန်းက ပုံလေးတွေကို တင်ပေးခဲ့ပြီး “ချစ်စရာ ကောင်းတဲ့ ကိတ်လေးနဲ့ ချစ်စရာ မိတ်ဆွေများ” ဆိုပြီး ရေးသားထားပါသေးတယ်။ ကိတ်လေးမှာ‌တော့ “Happy Birthday to the cute Ying-bao” (ကလေးလေး Ying အတွက် Happy Birthday) လို့တောင် ရေးထားပါသေးတယ်။

တကယ်ကို အလေးအနက်ထားတဲ့ မိတ်ဆွေ ၂ ယောက်ကြောင့် Zhao Liying မှာ မွေးနေ့မရောက်ခင် အစောကြီးကတည်းက ပျော်ရွှင်နေရပါပြီ။ မကြာခင် အသက် ၃၄ ပြည့်တော့မယ့် ကျဲကျဲလှလှလေး ပြုံးပျော်နေရတာကို မြင်ရတဲ့ပရိသတ်ကြီးကလည်း ထပ်တူပျော်ရွှင်နေကြပါတော့တယ်။

Source: Weibo
Photos: Weibo
Translated by Julix