Chinese Celebrity

၃၄ နှစ်ပြည့်မွေးနေ့ကို ပျော်ရွှင်စွာ ကျင်းပဖြတ်သန်းခဲ့တဲ့ ထိပ်တန်းမင်းသမီးချော Zhao Liying

ချိုင်းနား ဖျော်ဖြေရေးလောကရဲ့ အလွှမ်းမိုးနိုင်ဆုံး မင်းသမီးတစ်ဦးဖြစ်သူ ထိပ်တန်းအနုပညာရှင် Zhao Liying ကတော့ အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ အသက် ၃၄ နှစ်ပြည့်သွားခဲ့ပါပြီ။ အနုပညာသက်တမ်းတလျှောက်လုံး စံချိန်ပေါင်းများစွာ၊ ဆုပေါင်းများစွာနဲ့ မှတ်တမ်းပေါင်းများစွာကို စွမ်းဆောင်နိုင်ခဲ့တဲ့ Zhao Liying ဟာ သူမရဲ့မွေးနေ့မှာ ဂုဏ်ပကာသနမများဘဲ ရိုးရှင်းပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။

မွေးနေ့မရောက်ခင်ကတည်းက မိတ်‌ဆွေ ၂ ဦးက အကြိုမွေးနေ့ပွဲလုပ်ခံထားရတဲ့ ကျဲကျဲဟာ သူမရဲ့ ‌မွေးနေ့မှာလည်း အပြုံးပန်းလေးတွေဆင်မြန်းပြီး ဖြတ်သန်းခဲ့ပါတယ်။ အသက်တစ်နှစ်ကြီးလာပြီဖြစ်ပေမဲ့ အရင်ကထက်တောင် ပိုမိုနုပျိုလန်းဆန်းနေတဲ့ Zhao Liying ရဲ့ မွေးနေ့ဓာတ်ပုံပေါင်းများစွာကို သူမရဲ့ Studio က ဆုတောင်းစကားလေးနဲ့အတူ တင်ပေးခဲ့ပါတော့တယ်။ ပန်းတွေ၊ မွေးနေ့လက်ဆောင်တွေရဲ့အလယ်မှာ လူငယ်လေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး ပျော်ရွှင်နေတဲ့ Ying ကို မြင်ရတာ တကယ့်ကို အေးချမ်းမှုပါပဲ။

အနုပညာမောင်နှမတွေအပြင် ကမ္ဘာအနှံ့က အားပေးသူပရိသတ်တွေကလည်း ကျဲကျဲရဲ့ မွေးနေ့အတွက် ဂုဏ်ပြု‌ဆုတောင်းပေးနေကြတာပါ။  ၂၀၂၁ အတွင်း ဖြတ်သန်းခဲ့ရတဲ့ ကိစ္စပေါင်းများစွာရှိခဲ့တဲ့ ကျဲကျဲအတွက် အောက်တိုဘာ (၁၆) ရက်နေ့၊ ၃၄ နှစ်ပြည့် မွေးနေ့ကစလို့ အေးချမ်းသာယာပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

၁၉၈၇ ခုနှစ် October 16 မှာ မွေးဖွားလာခဲ့တဲ့ Zhao Liying ကတော့ ဒီနှစ်မွေးနေ့မှာ ထူးထူးခြားခြား ဆုတောင်းတွေရေးသားတင်တာမျိုး မရှိ‌ဘဲ တကယ့်ကို ရိုးရှင်းအေးဆေးစွာပဲ ဖြတ်သန်းခဲ့ပါတယ်။ အသက် ၃၄ နှစ်ပြည့် မွေးနေ့ကစပြီး ကိုယ်နှစ်သက်ရတဲ့ အနုပညာအလုပ်တွေကို အတားအဆီးမရှိဘဲ ချောမွေ့စွာနဲ့ လုပ်ကိုင်အောင်မြင်နိုင်ဖို့ကို ဆုတောင်းလိုက်ပါတယ်။

Source: Sohu
Photos: Weibo
Translated by Julix