Chinese Celebrity

မကောင်းတဲ့မှတ်ချက် လာပေးသူတွေအား လက်ညိုးငေါက်ငေါက်ထိုးပြီး စွာတေးချလိုက်တဲ့ Tao

Idol တွေထဲမှာ တော်တော်လေး စွာတေးနိုင်တဲ့သူကတော့ Huang Zitao ပါပဲ။ သူသာ မှန်နေရင် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောဖို့လည်း ဝန်လေးသူမဟုတ်ပါဘူး။ မကြာသေးခင်က Tao ဟာ ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်း ကုန်စည်ရောင်းချခြင်းအစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။

ပစ္စည်းတွေကို အပြောအဟောကောင်းကောင်းနဲ့ ပျော်ရွှင်စွာ ရောင်းချနေတုန်း မကောင်းတဲ့မှတ်ချက်တွေ၊ အဆိုးမြင်ဝေဖန်နေတဲ့သူတွေကို ဖန်သားပြင်ကနေတဆင့် လက်ညိုးငေါက်ငေါက်ထိုးပြီး ပြန်လည်ချေပပြောဆိုလိုက်ပါတော့တယ်။

Huang Zitao က “နာမည်ကြီးကြယ်ပွင့်ဖြစ်ဖြစ်၊ သူဌေးကြီးပဲဖြစ်ဖြစ်.. မင်းတို့အနေနဲ့ တကူးတကလာပြီး စိတ်ကုန်ပြနေစရာမလိုဘူး။ ကျွန်တော်ကိုယ်တိုင် သိတာတစ်ခုရှိတယ်… ကျွန်တော်က ရင်ထဲအသည်းထဲကနေကို စိတ်နှစ်ပြီး စိတ်ရောကိုယ်ပါ ကြိုးစားပေးနိုင်တယ်။

၂၄ နာရီလုံး အလုပ်လုပ်ဆိုရင်လည်း လုပ်နိုင်တယ်။ ဇာတ်ကားရိုက်တာကော၊ သီချင်းဆိုတဲ့အပိုင်းမှာ အားလုံးကို အောင်မြင်အောင်လုပ်နိုင်တယ်။ အခု ဒီ ၄ နာရီကြာ Live လွှင့်တာကနေ ယွမ် 120 million လောက် ရနိုင်တယ်။ ဒါပေမဲ့ ဒီပမာဏကို အာရုံထဲကို မထားဘူး။

ကြည့်ရှုနေကြတဲ့သူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့ လိုအပ်နေတဲ့ပစ္စည်းတွေကို ဝယ်နိုင်ရင် ဒါ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုပဲ။ ဒါကိုပဲ ‌လာပြီးဝေဖန်ကြသေးတာ.. ကျွန်တော်က ငွေမက်တဲ့ကောင်မဟုတ်ဘူး။ ပုံမှန်အလှူအတန်းလည်းရှိတယ်။ တစ်ခါတည်းနဲ့လည်း ယွမ် ၅ သန်းကျော်လှူနိုင်တယ်။

ကိုယ်တိုင်ထုတ်ထားတဲ့ branded အဝတ်အစားတွေကိုတောင် လှူဒါန်းထားသေးတယ်။ ဘာအကျိုးအမြတ်မှလည်း ယူမထားဘူး။ ကျွန်တော့်ရဲ့ ဝင်ငွေတွေထဲကနေ လိုအပ်နေတဲ့လူတိုင်းကို လှူဒါန်းနိုင်တယ်။ ဘာတွေလာပြီး ဝေဖန်နေမှန်းမသိဘူး။ မကြိုက်ရင် အချိန်ကုန်ခံပြီး လာကြည့်မနေနဲ့” ဆိုပြီး တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ ပြောဆိုခဲ့တာပါ။

Huang Zitao ကတော့ တကယ်ကို အမှန်တွေပဲ ပြောချသွားတာပါ။ ကိုယ်မှမကြိုက်ရင် ဘာလို့များ အချိန်ကုန်ခံပြီး ပြောဆိုနေကြသလဲဆိုတာကို တကယ်နားမလည်တဲ့ပုံပါပဲနော်။ Fan တွေရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးတဲ့ Tao ကို သွားရှုပ်လို့တော့မရပါဘူး။ သူ့ရဲ့စကားနဲ့တင် ဝေဖန်သူတိုင်း ပြန်ပြီး ထိရှသွားနိုင်ပါတယ်နော်။

Source: Sohu
Photos: Weibo
Translated by Julix