Chinese Celebrity

အေဂျင်စီဟောင်းရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရတဲ့ နာမည်ကျော် Cpop Idol ဖြစ်သူ Cai Xukun

တည်ငြိမ်ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေးပရိသတ်တွေကို သိမ်းပိုက်ထားနိုင်သူ Cai Xukun ဟာ အေဂျင်စီဟောင်းနဲ့ အရှုပ်အထွေးတွေထဲမှာ ပိတ်မိနေဆဲပါပဲ။ နာမည်ကြီးအစီအစဉ်ဖြစ်တဲ့ Idol Producer အစီအစဉ်ရဲ့ အနိုင်ရသူတစ်ဦးလည်းဖြစ်တာကြောင့် Cpop လောကထဲမှာ နာမည်ရလာခဲ့သူ Cai Xukun ဟာ စာချုပ်ချိုးဖောက်တယ်ဆိုပြီး သူ့ရဲ့ အေဂျင်စီဟောင်းကနေ တရားစွဲခံထားရပြန်ပါတယ်။ စာချုပ်လျော်ကြေးအဖြစ် 45 million RMB တိတိကို Kun ဆီကနေ ရယူလိုနေတာလည်းဖြစ်ပါတယ်။

ဒီလိုတရားစွဲခံရတာ Kun အတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အေဂျင်စီဟောင်းဖြစ်တဲ့ Pelias Entertainment က ရေရှည်စီမံကိန်းချမှတ်ပြီး Kun ကို ပတ်သက်ချင်နေတာလည်းဖြစ်ပါတယ်။ အေဂျင်စီရဲ့ဖော်ပြချက်အရ အသက် ၂၃ နှစ်အရွယ် idol ဖြစ်သူ Kun ဟာ ရေပန်းစားတဲ့မဲရလဒ်တွေနဲအတူ ၂၀၁၅ ကတည်းက စာချုပ်ချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၉ မှာတော့ Kun ဟာ စာချုပ်,ချုပ်ဆိုထားချိန်မှာပဲ သီးခြားယှဉ်ပြိုင်သူအဖြစ် ပြိုင်ပွဲဝင်ခဲ့တာကြောင့် ဒီလုပ်ရက်ဟာ စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး စွပ်စွဲခဲ့တာဖြစ်ပါတယ်။ September 17 တုန်းက ပြီးစီးခဲ့တဲ့ ပထမကြားနာခြင်းမှာတော့ သက်သေတွေနဲ့တကွ နှစ်ဖက်စလုံးက ပြောဆိုချေပထားပြီး နောက်ထပ်ရုံးချိန်းကတော့ လာမယ့် November 10 ရက်နေ့မှာ ထပ်တွေ့ကြမှာပါ။

Shanghai Higher People’s Court ရဲ့ ဖော်ပြချက်အရ တရားလိုဖြစ်သူ Pelias Entertainment ဟာ Kun ကို အကြိမ်ရေပေါင်းများစွာတရားစွဲနေခဲ့တယ်,လို့ ဆိုပါတယ်။ နောက်လ ရုံးချိန်းပြီးရင်တော့ နောက်ဆုံး, ဆုံးဖြတ်ချက်ချတော့မှာပါ။

Kun ကတော့ C-pop လောကရဲ့ အကြီးမားဆုံး၊ အအောင်မြင်ဆုံး Idol တစ်ဦးဖြစ်သလို Weibo Fan ပေါင်း နဲ့ IG Followers ပေါင်း 1.8 million ကျော်ကို ပိုင်ဆိုင်ထားသူပါ။ တရားရင်ဆိုင်မှုတွေဟာ Kun အတွက်တော့ အတားအဆီးတွေပါပဲ။ အကုန်လုံးအဆင်ပြေသွားဖို့ မျှော်လင့်နေရပါတယ်။

Source: Sohu
Photos: Weibo
Translated by Julix