Chinese Celebrity

၇ လတည်းနဲ့ အမြင့်ဆုံးစံချိန်တင် တစ်ဦးတည်းသောထိပ်တန်းမင်းသားဖြစ်လာသူ Xiao Zhan

Xiao Zhan ရဲ့ အနုပညာစန်းကတော့ ကန့်သတ်လို့တောင် မရတော့ပါဘူး။ အောင်မြင်မှုပေါင်းများစွာကို အဖက်ဖက်ကရရှိနေပြီး ထိပ်တန်းမင်းသားတွေထဲမှာ ထင်ရှား‌နေသူလည်းဖြစ်နေပါတယ်။ ၂၀၂၁ ရဲ့ ၇ လအတွင်းမှာပဲ အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့တဲ့ ပထမဆုံးသော ထိပ်တန်းမင်းသားအဖြစ် Xiao Zhan က ထပ်မံ ဂုဏ်တင်ခဲ့ပြန်ပါတယ်။

Xiao Zhan အကြောင်း အသေးစိတ်ကအစ အားပေးထောက်ပံ့နေကြတဲ့ ပရိသတ်တွေဟာ အဆမတန် များပြားလာခဲ့တာနဲ့အမျှ ပြည်တွင်းပြည်ပ XFX တွေကို ရေတွက်လို့တောင် မရနိုင်တော့ပါဘူး။ အထူးသဖြင့် ချိုင်းနားလို စည်းကမ်းကန့်သတ်ချက်ပေါင်းများစွာကြားမှာကို Xiao Zhan ရဲ့ လွှမ်းမိုးမှုက တကယ့်စံတင်နေပါတယ်။

ပြည်တွင်းသုံး Social Media ဖြစ်တဲ့ Weibo မှာ Xiao Zhan နဲ့ပတ်သက်တဲ့ Super Talk အရေအတွက်ဟာ စုစုပေါင်း 300 million ကျော်ကို ရှိသွားပြီဖြစ်တာကြောင့် ပြည်တွင်းအနုပညာလောကရဲ့ လွှမ်းမိုးနိုင်မှုအမြင့်ဆုံးနေရာအတွက် ပထမဆုံးနဲ့ တစ်ဦးတည်းသောထိပ်တန်းမင်းသားအဖြစ် ဂုဏ်တွင်ခဲ့တာပါ။

ဒါတင်သာမက Xiao Zhan ရဲ့ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေဟာ စံချိန်ကောင်းတွေရရှိထားသလို ပြည်တွင်းကြော်ညာလောကထဲမှာလည်း စိုးမိုးမှုအားအကောင်းဆုံးမင်းသားအဖြစ် နာမည်သတင်းမွှေးပျံ့နေပါတော့တယ်။ Xiao Zhan ကို စောင့်ကြည့်အားပေးနေကြတဲ့ ပရိသတ်တွေ တနေ့တခြားတိုးများလာတာနဲ့အမျှ မင်းသားရဲ့ ကျော်ကြားမှုအဆင့်က‌လည်း ထိပ်ဆုံးက‌ချည်း နေရာယူထားတာဖြစ်ပါတယ်။

လူအများအသုံးပြုရာ Social Media Platform ပေါင်းစုံမှာတော့ လအနည်းငယ်အတွင်း သန်းရာချီကျော်နေတဲ့ ကျော်ကြားမှုကတော့ မင်းသားအားလုံးအနက် Xiao Zhan တစ်ဦးတည်းသာလျှင် ရှိသေးတဲ့ စံချိန်ပါပဲ။ မကြာခင်လည်း ထွက်ရှိလာဦးမယ့် ဇာတ်လမ်းတွေက တန်းစီနေတာဖြစ်လို့ ရှေ့ဆက်ပြီး အောင်မြင်ကျော်ကြားဖို့ကတော့ ကျိန်‌းသေပေါက်ပါပဲ။

Source: Sohu
Photos: Sohu
Translated by Julix