Chinese Celebrity

EXO ကို အသုံးချကာ နာမည်ကြီးအောင်လုပ်တယ်, ဆိုပြီး စွပ်စွဲခံရတဲ့ Huang Zitao

Huang ZItao ဆိုတာက EXO အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိပြည်မကြီးမှာ တကိုယ်တော် အနုပညာလှုပ်ရှားနေတဲ့ Cpop Idol တစ်ဦးပါပဲ။ ဒါပေမဲ့လည်း Tao က EXO ကို ထပ်မံအသုံးချပြန်ပြီဆိုပြီး ဝေဖန်တိုက်ခိုက်တာကို ခံခဲ့ရပြန်ပါတယ်။

October 16 ရက်နေ့က Huang Zitao ဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အွန်လိုင်းရောင်းချခြင်းပွဲတော်မှာ ပါဝင်ခဲ့ရင်း EXO အဖွဲ့မှာ ရှိစဉ်အခါကအမှတ်တရတွေကို ပြောပြခဲ့တာကြောင့် ကျော်ကြားမှုကို အသုံးချတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတာပါ။

အဆိုပါ တိုက်ရိုက်ထုတ်လွှင့်ပွဲမှာ Huang Zitao က 68 ဂဏန်းပါတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ Zitao က ကင်မရာကိုကြည့်ရင်း EXO အဖွဲ့မှာရှိစဉ်တုန်းက သူ့ရဲ့ ကိုယ်ပိုင်ဂဏန်းလေးဟာ 68 ဖြစ်ကြောင်းကို ပြန်လည်တမ်းတရင်း ဖော်ပြပြောဆိုခဲ့တာပါ။

“ကျွန်တော် ဒီဂဏန်းလေးကို ရွေးချယ်ဝတ်ဆင်ခဲ့ရတဲ့အကြောင်းအရင်းက မူလအစကတည်းကရှိခဲ့တဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို မေ့ပျောက်မသွားချင်လို့ပါ” ဆိုပြီး ပြောခဲ့တာလည်းဖြစ်ပါတယ်။ အားလုံးကတော့ သူ့ရဲ့ခံစားချက်လေးကို မျှဝေနေစဉ်မှာပဲ တချို့က Tao ဟာ နာမည်သိပ်မကြီးတော့တာကြောင့် အဖွဲ့ဟောင်းဖြစ်တဲ့ EXO ကို အသုံးချပြီး အတန်းရှင်းရှာခဲ့တာဖြစ်တယ်ဆိုပြီး ဝေဖန်ကြပါတော့တယ်။

၂၀၂၀ ‌ဒီဇင်ဘာလတုန်းကလည်း Moments သီချင်းထွက်တုန်းက Tao ဟာ EXO အဖွဲ့တုန်းက ပုံဟောင်းတွေပါတဲ့ ပုံကို တင်ခဲ့တာကြောင့် အဖွဲ့ကိုအသုံးချတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်ခံရဖူးပါသေးတယ်။ ပြောရရင်တော့ ဒီတိုက်ခိုက်မှုတွေဟာ အချည်းနှီးပါပဲ။

Tao ဟာ ပြည်မကြီးမှာ ကိုယ်ပိုင်ကုမ္ပဏီထောင်ထားသလို Clothing Brand လည်း ထုတ်ထားတဲ့ ၂၀ ကျော်အရွယ် သန်းကြွယ်သူဌေးတစ်ယောက်ပါပဲ။ ဒီဝေဖန်မှုတွကို Tao အနေနဲ့ တုန့်ပြန်ခြင်းမရှိသေးသလို အာရုံထဲကို မထည့်တဲ့ပုံစံပဲ ဖြစ်ပါတယ်။ Toa ဟာ EXO အဖွဲ့ကနေ ထွက်ခွာခဲ့ပေမဲ့ အဖွဲ့နဲ့အတူ များစွာသော အမှတ်တရတွေရှိတာကိုတော့ မေ့ထားလို့ မဖြစ်ပါဘူး။

Source: Kpopstarz
Photos: Weibo
Translated by Julix