Chinese Celebrity

Xiao Zhan ရဲ့ ကျော်ကြားမှုနဲ့အတူ ပြည်မကြီးရဲ့ Fashion လောကကို ကြီးစိုးသွားမယ့် GUCCI

Xiao Zhan ဟာ ၂၀၂၁ အတွက် Brand ပေါင်းများစွာရဲ့ Ambassador အဖြစ် တရားဝင်ခန့်အပ်ကာ ရောင်းချနှုန်းတွေ တိုးမြှင့်စေခဲ့သူတစ်ဦးပါ။ မကြာသေးခင်ကပဲ နောက်ထပ်အောင်မြင်မှုတစ်ခုအနေနဲ့ ပြည်မကြီးရဲ့ GUCCI Brand Ambassador အသစ်အဖြစ် ခန့်အပ်ချီးမြှောက်ခြင်းကို လက်ခံရရှိခဲ့ပြန်ပါတယ်။

Chris Lee, Ni Ni, Lu Han တို့နဲ့အတူ GUCCI Ambassador မိသားစုဝင်ဖြစ်လာခဲ့တဲ့ Xiao Zhan က အခုလိုပဲ ပြောခဲ့ပါတော့တယ်။ “Gucci ရဲ့ မျက်နှာဖုံးအနုပညာရှင်ဖြစ်လာရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်က Gucci ဖက်က ထုတ်ပေးတဲ့ တက်ကြွနေတဲ့ဒီဇိုင်းပိုင်းနဲ့ Michele ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဖက်ရှင်အသုံးအနှုန်းတွေကို နှစ်သက်မြတ်နိုးသူတစ်ဦးပါ။

အနာဂတ်မှာလည်း ဒီ brand နဲ့အတူ လက်တွဲပြီး Gucci ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေကို ပိုမိုကျယ်ပြန့်အောင် ချပြသွားပါမယ်” ဆိုပြီး Xiao Zhan က မိန့်ခွန်းအနေနဲ့ ပြောဆိုခဲ့တာပါ။ ပရိသတ်တွေကဆိုရင် ထင်မှတ်မထားတဲ့အချိန်မှာ အခုလို Brand Ambassador ဖြစ်လာတဲ့အတွက် Xiao Zhan နဲ့ထပ်တူ ဂုဏ်ယူနေခဲ့ကြပါတယ်။

Gucci ရဲ့ Creative Directory ဖြစ်သူကလည်း Xiao Zhan ရဲ့ တရားဝင်ခန့်အပ်ကြောင်း ပို့စ်ကို like လုပ်သွားခဲ့တာကိုလည်း ပရိသတ်တွေက ကျေနပ်သဘောကျနေပါတော့တယ်။ နှစ်‌ဝက်ကျော်ကျော်လေးအတွင်းမှာပဲ Brand ပေါင်း ၂၃ ခုရဲ့ Ambassador ဖြစ်နေသူ Xiao Zhan ကတော့ Gucci နဲ့အတူ ရှေ့ဆက်ပြီး ဘယ်လိုတွေ Promote လုပ်သွားဦးမလဲဆိုတာ ရင်ခုန်လှပါပြီ။

Source: Sohu
Photos: Weibo
Translated by Julix