Chinese Celebrity

Luhan ဟာ လက်ထပ်ခွင့်မတောင်းသေးတဲ့ အကြောင်းအရင်းအား ပြောပြခဲ့တဲ့ Guan Xiaotong

Lu Han နဲ့ Guan Xiaotong တို့ စုံတွဲလေးက တကယ်ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲလေးပါ။ တွဲလာခဲ့ကြတာ ၄ နှစ်ကျော်နေပြီးဖြစ်ပြီး လူသိရှင်ကြား Ro ပြတာမျိုးတွေ သိပ်မလုပ်ကြတဲ့ တည်ငြိမ်တဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။

မကြာသေးခင်က Guan Xiaotong ဟာ “The Last Winner” ဆိုတဲ့ ရသစုံလင်ရှိုးတစ်ခုမှာ ပါဝင်လာခဲ့ပြီး Zhang Ruoyun ကနေ Guan Xiaotong ကို “မင်းနဲ့ Luhan က တွဲနေတာလည်းကြာပြီပဲ… Lu Han က ဘာလို့ လက်ထပ်ခွင့်မတောင်းသေးတာလဲ?” ဆိုပြီး မေးခဲ့ပါတယ်။

Guan Xiaotong က ‌အကြောင်းအရင်းကို သေချာသိနေပုံပါပဲ။ “ကျွန်မက အသက် ၂၅ မတိုင်ခင် လက်ထပ်ဖို့ မ‌စဉ်းစားသေးဘူးဆိုပြီး ပြောဖူးတယ်။ ဒါကို Lu Han ကလည်း ကျွန်မသဘောကျ သဘောတူလက်ခံထားတာမို့လို့ လက်ထပ်ခွင့်မတောင်းတာ ဖြစ်ပါလိမ့်မယ်။

၂ ယောက်စလုံးမှာ လက်ထပ်ဖို့ အစီအစဉ်ကတော့ မရှိသေးပါဘူး။ အလုပ်ကိုပဲ အာရုံစိုက်ထားကြပါသေးတယ်” ဆိုပြီး ပြန်ဖြေပေးခဲ့ပါတော့တယ်။ Lu Han နဲ့ Guan Xiaotong တို့ကတော့ ဘဝကို လက်တွေ့ဆန်ဆန်ပဲ ဖြတ်သန်းကြဖို့ တွေးထားပုံပါပဲနော်။

ပရိသတ်အများအပြားကတော့ မြန်မြန်လေး လက်ထပ်ကြဖို့ မြင်ချင်နေတာဖြစ်လို့ မြှောက်ပေးနေကြပေမဲ့ ဒီစုံတွဲလေးကတော့ ချစ်သူရည်းစားဘဝကို သိုသိုသိပ်သိပ်နဲ့ ပျော်ပျော်ကြီး‌ဖြတ်သန်းနေကြဆဲပါပဲ။ တကယ်ကို ချစ်စရာကောင်းလွန်းတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတော့တယ်။

Source: Sohu
Photos: Weibo
Translated by Julix