Chinese Celebrity

Day Day Up အစီအစဉ်ကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေတဲ့ Wang Yibo

Hunan TV ရဲ့ လူကြိုက်များ ကျော်ကြားတဲ့ အစီအစဉ် တစ်ခုဖြစ်တဲ့ Day Day Up အစီအစဉ်မှာ အခြားဝါရင့် အနုပညာရှင် များနဲ့အတူ ငယ်ရွယ်တောက်ပတဲ့ ကြယ်ပွင့်လေး Wang Yibo လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ 2008 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Variety Show တစ်ခု ဖြစ်တဲ့ Day Day Up အစီအစဉ်ဟာ Wang Yibo ရဲ့ ချစ်စရာ အမူအကျင့်လေးတွေ တစ်စတစ်စ ပေါ်ထွက်ခဲ့ရာ အမှတ်တရ နေရာတစ်ခု ဖြစ်သလို MTJJ များနဲ့ ပရိတ်သတ်ပေါင်းများစွာရဲ့ အာရုံတွေကို ဖမ်းစားထားနိုင်တဲ့ အစီအစဉ်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာ Wang Yibo ဟာ Season 13 အထိ ရောက်ရှိလာပြီဖြစ်တဲ့ ဒီအစီအစဉ်ကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ ကောလဟာလ သတင်းများ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး ပြဿနာများကြောင့် မကြာသေးမီကပဲ Day Day Up အစီအစဉ်ကို နှုတ်ဆက်ထွက်ခွာခဲ့သူ Qian Feng ရဲ့ နှုတ်ထွက်မှုအပြီးမှာ ယခုလို သတင်းတွေ ဆက်လက် ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အစောပိုင်းမှာတော့ လူကြိုက်များမှုအရ Quick Book ရဲ့ အဆင့်သတ်မှတ်ချက်တွေမှာ Host တွေကို အနည်းငယ် အပြောင်းအလဲတွေ ပြုလုပ်ခဲ့ဖူး ပေမယ့်လည်း နောက်ထပ် ကြီးမားတဲ့ပြင်ဆင် ပြောင်းလဲမှုတွေအတွက် ကြိုးပမ်းမှု တစ်စုံတစ်ရာ မရှိတာကိုလည်း တွေ့ရပါတယ်။

Mango TV ရဲ့ ဝန်ထမ်းတစ်ဦးက Wang Yibo အနေနဲ့ Hunan TV ရဲ့ Day Day Up ကို နှုတ်ဆက်စကားပြောပြီး Host အဖြစ် ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ပြောဆိုရာကနေ ယခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Hunan TV ရဲ့ ဝန်ထမ်းအချို့ကတော့ သူတို့ဟာ ဒီအစီအစဉ်ကနေ ထွက်ခွာသွားခဲ့ရင်တောင် Tian Tian ညီအစ်ကိုတွေရဲ့ နှလုံးသားတွေက အမြဲအတူရှိနေပြီး သူတို့ရဲ့ ချစ်ခင်မှုတွေဟာလည်း ဆက်လက်တည်ရှိနေမယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

Wang Yibo ဘက်ကလည်း Day Day Up အစီအစဉ်ကနေ နှုတ်ထွက်ခြင်းနဲ့ ပတ်သက်ပြီး တရားဝင် အသိပေးတာမျိုး မတွေ့ရသေးပေမယ့် သတင်းကို ပြတ်သားစွာ ဖော်ပြနေတဲ့ ဝန်ထမ်းများ ရှိနေတာကြောင့် ငြင်းရခက်တဲ့ အနေအထားတစ်ခုကို ရောက်ရှိနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Tian Tian ညီအစ်ကိုတွေကြား အသက်အငယ်ဆုံးနဲ့ စကားအနည်းဆုံးဖြစ်တဲ့ Wang Yibo ဟာ Day Day Up ပရိတ်သတ်တွေ အတွက်တော့ အဖိုးတန် လက်ဆောင်လေးတစ်ခု ဖြစ်တာကြောင့် Hunan TV ရဲ့ တစ်စုံတစ်ရာ တိကျတဲ့ ကြေညာမှုကိုပဲ ဆက်လက်စောင့်ဆိုင်းကြရမှာ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : DayDayUp