Chinese Celebrity

Esports နယ်ပယ်ရဲ့ ထိပ်တန်းပြိုင်ပွဲကြီး အတွက် Theme Song ပါဝင်သီဆိုထားတဲ့ Wang Yibo

Esports နယ်ပယ်ရဲ့ ထိပ်တန်းပြိုင်ပွဲကြီးဖြစ်တဲ့ League of Legends ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ဟာ Esports ကို ကြိုက်နှစ်သက်သူများကြား ခမ်းနားကြီးကျယ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ငယ်ရွယ်တောက်ပတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ Wang Yibo ဟာ LPL S11 ရဲ့ Theme Song ကို ပါဝင်သီဆို ထားတယ်လို့ သိရပါတယ်။

LPL S11 ရဲ့ Theme Song ဟာ ယခင်က ထွက်ရှိခဲ့တဲ့ “Unstoppable” သာဖြစ်ပြီး Wang Yibo အနေနဲ့ ဒီသီချင်းကို Cover သဘောမျိုး ပြန်လည်သီဆိုထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ Wang Yibo ကိုယ်တိုင်ကလည်း League of Legends ရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး Season 2 မှာကတည်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Theme Song ရဲ့ Offical Music Video အတွက်လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ၎င်းအပြင် League of Legends ထဲမှာပါဝင်တဲ့ သစ္စာ၊ သတ္တိနဲ့ အပြစ်ကင်းစင်မှုတို့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “Poro” လို့ အမည်ရတဲ့ Character ဟာ Wang Yibo ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတယ်လို့ သူကိုယ်တိုင်ပြောခဲ့ပါတယ်။

League of Legends Global Final ရဲ့ ချန်ပီယံဆုပွဲစဉ်နဲ့ ဒုတိယအဆင့်ပွဲစဉ်များအတွင်း Final ပွဲနေ့မှာ Wang Yibo ရဲ့ ဖျော်ဖြေမှုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ဒီဖိတ်ကြားခံရမှုကို Wang Yibo ဘက်က တိကျတဲ့ ကြေညာမှုမျိုး မပြုလုပ်ရသေးခင်တည်းက သူ့နဲ့အနီးကပ်ဆုံး အမာခံပရိသတ်တွေက ဒီသတင်းကို ဖွင့်ဟခဲ့ဖူးပါတယ်။

ယခုလက်ရှိမှာတော့ LPL ရဲ့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ကြယ်ပွင့်တစ်ဦးအဖြစ် မြင်တွေ့ကြရနိုင်ဖို့ အခွင့်အရေးရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် LPL ဟာ Jay Chou ၊ Wang Junkai တို့ကဲ့သို့ နာမည်ကြီးများစွာနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ဖူးတဲ့အပြင် ပြောရေးဆိုခွင့်ရှိသူများ အဖြစ်လည်း ခိုင်မာတဲ့ရက်တည်မှုတွေ ရှိခဲ့ကြပါတယ်။

League of Legends ကစားရတာကို နှစ်သက်ပြီး သူတို့မှာ အခွင့်အရေးရရင် LPL နဲ့ ပူးပေါင်းမယ့် နာမည်ကြီးတွေဖြစ်တဲ့ ဒီတစ်ခါ အင်တာဗျူးမှာ ပါဝင်ဖို့ ဖိတ်ကြားခံရတဲ့ Gong Jun နဲ့ Wang Yibo တို့လည်း ရှိခဲ့တာကို တွေ့ရပါတယ်။ ဒီလို နာမည်ကြီး သရုပ်ဆောင်တွေရဲ့ လူကြိုက်များမှုဟာ အလွန်မြင့်မားတာကြောင့် ၎င်းတို့နှင့် ပူးပေါင်းခြင်းဟာ LPL အတွက် အထောက်အကူဖြစ်လိမ့်ဆိုတာ သေချာတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu