Korean Celebrity

Dazed Korea မဂ္ဂဇင်း ရဲ့ November လ ထုတ်အတွက် Sehun ဘယ်လိုတွေခန့်ညားစွာရိုက်ထားသလဲဆိုရင်

Dazed Magazine ဟာ fashion နဲ့ ရိုးရာယဉ်ကျေးမှုအတွက် ထူးခြားတဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ လစဉ် ထုတ်ဝေနေကြပါ။ တခါတလေ popular ဖြစ်တဲ့ idol တွေကို မဂ္ဂဇင်း မျက်နှာဖုံးပိုင်ရှင်အဖြစ် ရိုက်ကူးဖို့အတွက် ကမ်းလှမ်းလေ့ရှိပါတယ်။

ခု… နောက်လထုတ်မဲ့ November လ magazine cover အတွက် EXO အဖွဲ့ဝင် Sehun နဲ့ October 10 ရက်နေ့မှာ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ Sehun ဟာ Dior ရဲ့ ambassador ဖြစ်တာကြောင့် Dior Men collection ဝတ်ခဲ့ပါတယ်။

Sport type နဲ့ ဆောင်းရာသီ fashion style ကို အသားပေးဝတ်ထားပြီး Sehun ဓာတ်ပုံရိုက်ခဲ့တဲ့ ရိုက်ကွင်းနေရာဟာ ကိုရီးယားရိုးရာ ရှေးဟောင်းအိမ်မှာ ဖြစ်ပါတယ်။ Sehun ရဲ့ teaser video နောက်ခံတီးလုံးဟာလည်း ရိုးရာတီးလုံး ဖြစ်ပြီး ထို video ထဲမှာ ဝတ်ထားတဲ့ပုံစံဟာ ပိုခန့်ညားပါတယ်။

ကိုရီးယားကို ဂျပန်တွေမသိမ်းခင်ကာလ နိုင်ငံခြားမှာ ပညာတော်သင်သွားပြီး ပြန်လာတဲ့ လူကုံထန်အိမ်က သူဌေးသားပုံစံလိုမျိုး ဝတ်ထားတယ်လို့ ထင်ပါတယ်။ ဒါကတော့ မင်မင် အမြင်ဖြစ်ပြီး Sehun ဝတ်ထားတဲ့ပုံစံဟာ ကိုရီးယား top drama “Mr.Sunshine” ကိုတောင် နောက်တခေါက်ပြန်ကြည့်စေချင်တဲ့အထိပါ။

ပုံတိုင်းမှာ Sehun ဟာ သပ်သပ်ရပ်ရပ်နဲ့ အရမ်းကြည့်ကောင်းပြီး ခေါင်းအစခြေအဆုံး ခန့်ညားလွန်းလို့ fan တွေလည်း ငုတ်တုတ်မေ့နေမှာ သေချာပါတယ်။ ခုထိတော့ ပုံတွေနဲ့ teaser video ဘဲ official ထွက်ရှိသေးပြီး နောက်လကျရင်တော့ sehun နဲ့ interview ထားတာလေးတွေပါ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Source: Allkpop
Written: Violet