Korean Celebrity

၂၇ နှစ်ပြည့် မွေးနေ့မှာ မွန်မြတ်တဲ့အလှူအကြီးကြီးကို ARMY တွေနဲ့ထပ်တူ လှူဒါန်းခဲ့တဲ့ Jimin

ကမ္ဘာကျော် Kpop Idol ဖြစ်သူ Jimin လေးကတော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ Jimin ရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းရင်း ပျော်ရွှင်စွာ ဆင်နွှဲနေကြသလို Jimin ကိုယ်တိုင်လည်း ARMY တွေကိုယ်စား မွေးနေ့လှူဒါန်းမှုအကြီးကြီး ပြုလုပ်ခဲ့ပါတော့တယ်။

၂၇ နှစ်ပြည့် မွေးနေ့အတွက် Jimin ဟာ Green Umbrella Children’s Foundation ကို ကလေးသူငယ်တွေအတွက် ရည်စူးပြီး အလှူငွေ ကိုရီးယားဝမ် 100 million ($83,500 ခန့် – ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်) ကို လှူဒါန်းခဲ့တာပါ။ အဆိုပါ လှူဒါန်းမှုကြောင့်ပဲ Green Noblesse Club ဆိုတဲ့ အထူးအလှူရှင်များအဖွဲ့ထဲမှာ ပါဝင်သွားခဲ့ပါတယ်။

မင်မင်ကိုယ်တိုင်ရိုက်လာတဲ့ ပုံလေးတွေပါရှင့်
မင်မင်ကိုယ်တိုင်ရိုက်လာတဲ့ ပုံလေးတွေပါရှင့်

အဖွဲ့အစည်းက Jimin ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လှူဒါန်းမှုအကြောင်း စာထုတ်ပေးခဲ့မှသာ သိခဲ့ရပါတော့တယ်။ ‌လှူဒါန်းငွေစုစုပေါင်းနဲ့ အချိန်အတိအကျကိုတော့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမဲ့ Newsen သတင်းဌာနရဲ့ မေးမြန်းစုံစမ်းမှုတွေကြောင့်သာ အခုလို သိခဲ့ရတာဖြစ်ပြီး Jimin ဟာ သူ့ရဲ့မွေးနေ့အတွက် ARMY တွေရဲ့ ချစ်ခြင်းမေတ္တာကို ရည်ရွယ်ပြီး လှူဒါန်းမှုအကြီးကြီးလုပ်ထားကြောင်း သိခဲ့ရတာပါ။

မင်မင်ကိုယ်တိုင်ရိုက်လာတဲ့ ပုံလေးတွေပါရှင့်
မင်မင်ကိုယ်တိုင်ရိုက်လာတဲ့ ပုံလေးတွေပါရှင့်

လက်ရှိ Jimin လေး အဖွဲ့ဝင်ဖြစ်သွားတဲ့ Green Noblesse Club ဆိုတာကတော့ ငွေကြေးလှူဒါန်းမှု အများဆုံးလှူဒါန်းထားတဲ့ အလှူရှင်သီးသန့်အဖွဲ့အစည်းဖြစ်ပြီး ၅နှစ်အတွင်း ဒီ foundation အတွက် ကိုရီးယားဝမ် 100 million ကျော် လှူဒါန်းထားသူတွေကိုပဲ ဂုဏ်ပြုထည့်သွင်းခြင်းဖြစ်ပါတယ်။

မင်မင်ကိုယ်တိုင်ရိုက်လာတဲ့ ပုံလေးတွေပါရှင့်
မင်မင်ကိုယ်တိုင်ရိုက်လာတဲ့ ပုံလေးတွေပါရှင့်

Club အဖွဲ့ဝင်တွေထဲမှာ တကိုယ်တော်အဆိုရှင် Chungha (2021), TVXQ‘s Changmin (2018), BTS‘s J-Hope (2019) နဲ့ မင်းသမီး Kim Yoo Jung (2020) တို့ ပါဝင်နေပါတယ်။ အခုချိန်မှာတော့ Jimin လေးက သူ့ရဲ့လှူဒါန်းမှုနဲ့အတူ ဇောတိက အလှူရှင်များစာရင်းမှာ ပါဝင်သွားပါပြီ။ ARMY တွေနဲ့ အမြဲအားပေးသူ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူရင်း နောင်မွေးနေ့ပေါင်းများစွာကို အောင်မြင်မှု၊ ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Koreaboo
Photos: Newsen
Translated by Julix