Korean Celebrity

Street Woman Fighter ပြိုင်ပွဲဝင် “Want” အဖွဲ့ခေါင်းဆောင် Hyojin Choi လေးစားရတဲ့အကအတော်ဆုံး idol (3) ယောက်

Idol တွေဟာ အဆိုရော အကရော သရုပ်ဆောင် ရော modeling အပိုင်းရော စွယ်စုံရတဲ့သူတွေဖြစ်ပေမဲ့ Dancer တွေကတော့ အကနဲ့ပက်သက်ရင် ပို professional ကျကျနဲ့ နှံ့နှံ့စပ်စပ်သိ သူတွေပါ။ သူတို့တွေဟာ Kpop အဖွဲ့တွေ ရဲ့ သီချင်းကကွက်ဖန်တီးပေးသူတွေဖြစ်သလို idol တွေရဲ့ backup dancer အဖြစ်လည်း ဝင် က လေ့ရှိပါတယ်။

ဒါကြောင့် idol တွေနဲ့ ရင်းနှီးပြီး ဘယ် idol က ဘယ်လိုဆိုတာ အနီးကပ်သိခွင့်ရသူတွေပါ။ idol တွေထဲမှာ အကအတော်ဆုံးကို voting စနစ်တွေ၊ ပရိသတ်ရဲ့ အကြိုက်တွေနဲ့ ရွေးချယ်သတ်မှတ်ထားတာရှိပေမဲ့ အကသမားတစ်ယောက်ရဲ့ ရွေးချယ်မှုဆို ပို မှန်ကန်ပြီးတရားနည်းလမ်းကျမှာပါ။ ဒါကြောင့် Street Woman Fighter ပြိုင်ပွဲဝင် “Want” အဖွဲ့ခေါင်းဆောင် Hyojin Choi ရဲ့ အမြင်တွေကို ခုလိုဖော်ပြလိုက်ပါတယ်။

  1. Chungha

အကအတော်ဆုံး idol တွေနဲ့ပက်သက်ရင် သူ့စိတ်ထဲ အရင်ပေါ်လာသူက Chungha လို့ ဆိုပါတယ်။ “Chungha ဟာ music ကို ပုံဖော်ဖန်တီးတဲ့နေရာမှာ အရမ်းတော်သူ ဖြစ်ပြီး အင်အားပြင်းတဲ့ ဖျော်ဖြေသူ တစ်ယောက်”လို့ hyojin က ကောက်ချက်ချခဲ့ပါတယ်။

  1. Yezi (former Fiestar)

Fiestar အဖွဲ့ဝင် Yezi ရဲ့ ကကွက်တွေကတော့ လုံးဝ မျက်စိထဲကမထွက်ဖူးလို့ Hyojin ကဆိုပါတယ်။ သူမတို့ အတူတူ တွဲကတုန်းကဆို Yezi ရဲ့ အကအပေါ်စိတ်ထက်သန်မှုကို တွေ့နေရလို့ သူမကိုယ်တိုင်တောင် အားတက်မိတယ်လို့ ပြောပြခဲ့ပါတယ်။

  1. Kai (EXO)

Boy Group တွေထဲမှာတော့ Kai တစ်ယောက်တည်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ Hyojin ဟာ “ပြောစရာစကားမရှိလောက်အောင်ပါဘဲ။ Kai ဟာ သီချင်းကိုဖော်ပြတဲ့နေရာမှာ သူများထက်ထူးပြီး သူ့ကိုယ်ပိုင် style နဲ့ ကတယ်။ သီချင်းနဲ့သူနဲ့ တသားတည်းဖြစ်နေပြီး ဒီလိုဖြစ်ဖို့ဆိုတာ မလွယ်ကူဖူးဆိုတာ အကုန်လုံးဘဲ လက်ခံကြမှာပါ”ဆိုပြီး kai ရဲ့အက style နဲ့ပက်သက်ပြီး မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် Kai ရဲ့ fashion တွေနဲ့ ပက်သက်ပြီး ခုလို ချီးကျူးထောပနာပြုခဲ့ပါတယ်။ “Crop top ဝတ်ရတာ တခြား male artist တွေဆို ရှက်ကြောက်နေလောက်ပေမဲ့ kai ကတော့ ဘာဘဲဝတ်ရ ဝတ်ရ မမှုတဲ့ဟန်နဲ့ ဝတ်ခဲ့တယ်။ တော်တော် professional ကျတဲ့သူပါ။ သူ့ရဲ့ passion ကို တကယ် လေးစားမိပါတယ်”

Source: Koreaboo
Written: Violet