Korean Celebrity

အကြီးစား Fan တွေရဲ့ ထူးခြားတဲ့အရည်အချင်းတစ်ခုအား ကျေနပ်စွာဖြင့် ပြောခဲ့သူလေး Lisa

BLACKPINK’s Lisa ကတော့ Fan တွေအကြောင်းကိုလည်း ကောင်းကောင်းကြီးသိတဲ့ idol တစ်ဦးပါ။ ပရိသတ်တွေရဲ့ မျက်ရိပ်မျက်ကဲကိုမြင်ရုံနဲ့ ဘာကိုဆိုလိုမှန်း တန်းရိပ်မိတဲ့ Lisa ဟာ သူမရဲ့ အကြီးစား Fan တွေအကြောင်းကို အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။ အထူးသဖြင့် သူမကိုချစ်တဲ့ပရိသတ်တွေဟာ သူမအကြောင်း ကောင်းကောင်းကြီးသိပုံကို ကျေနပ်နေပါတော့တယ်။

Lisa ကတော့ Complex နဲ့ အင်တာဗျူးလုပ်ရင်း သူမရဲ့ solo debut သီချင်း “LALISA” ထဲက အကြိုက်ဆုံးစာသားကို မေးမြန်းခံခဲ့ရပါတယ်။ ခဏလောက်တွေးပြီးနောက် Lisa က “You know it’s me just by looking at my back” (ငါ့ရဲ့နောက်‌ကျော်လေးကို မြင်ရုံနဲ့ ငါမှန်းတန်းသိတာပဲ) ဆိုတဲ့ စာသားကိုအကြိုက်ဆုံးဖြစ်ကြောင်း ရွေးပေးခဲ့ပါတော့တယ်။

“ကျွန်မ အဲ့စာသားလေးကို တကယ်ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ပရိသတ်တွေက ကျွန်မကို ဟိုးအဝေးကြီးက မြင်ရင်တောင် သူတို့က “ဒါ Lisa ပဲ” ဆိုပြီး တန်းပြောနိုင်ကြတယ်။ သူတို့က ကျွန်မရဲ့နောက်ကျောဖက်ကို မြင်ရုံလေးနဲ့တင် ကျွန်မမှန်း တန်းသိကြတာပဲ” ဆိုပြီး Lisa က သဘောကျစွာ ပြောသွားခဲ့ပါတော့တယ်။

တကယ့်ပရိသတ်အကြီးစားတွေဆိုတာကတော့ အသံလေးသဲ့သဲ့ကြားရုံ၊ အရိပ်အယောင်လေးမြင်ရုံနဲ့တင်တောင် ကိုယ့်ရဲ့ idol ကို တန်းသိကြပါတယ်။ အခုလည်း Lisa ရဲ့ အကြီးစား fan တွေဟာ သူမရဲ့ ကျောဖက်‌ကိုမြင်ရုံနဲ့ Lisa မှန်း ကောင်းကောင်းကြီးသိကြပါတယ်တဲ့။

သေချာတာကတော့ Lisa ဆိုတာဟာ ဘယ်ရှုထောင့်ကနေကြည့်ကြည့် “Lisa” မှန်း တန်းသိသာစေတဲ့ ဖြစ်တည်မှုလေးပါပဲ။ မြန်မာပရိသတ်ကြီးတို့လည်း Lisa ကိုသာ အပြင်မှာ မြင်ရမယ်ဆိုရင် တန်းပြီး သိလောက်ပါတယ်နော်။

Source: Koreaboo
Photos: Koreaboo
Translated by Julix