Korean Celebrity

V နဲ့ ‘Paradise Group’ က သူ​ဌေးသမီးတို့ရဲ့ dating ကောလဟာလ​တွေကို တုံ့ပြန်လိုက်တဲ့ HYBE

​အောက်တိုဘာလ ၁၄ ရက်​နေ့မှာ HYBE Label ရဲ့ တာဝန်ရှိသူတစ်ဦးက BTS အဖွဲ့ဝင် V နဲ့ ပတ်သက်ပြီး ထွက်​ပေါ်​နေတဲ့ dating ​ကောလဟာလ​တွေကို တုံ့ပြန်​ပြောဆိုလိုက်ပါတယ်။ V ဟာ ​အောက်တိုဘာလ ၁၃ ရက်​​နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ‘Korea International Art Fair (KIAF) 2021’ VVIP အကြိုပြပွဲကို တက်​ရောက်ခဲ့ပြီး သူ့ကို တခြားပြပွဲလာ ပရိသတ်များစွာက မြင်​တွေ့ခဲ့ကြပါတယ်။

V ဟာ ‘Paradise Group’ ဒါရိုက်တာအဖွဲ့ရဲ့ အကြီးအကဲဖြစ်သလို ‘Paradise Group’ ရဲ့ ဥက္ကဌ Phillip Jeon ရဲ့ ဇနီးလည်းဖြစ်တဲ့ Choi Yoon Jung က ဖိတ်ကြားလို့ ထိုပွဲကို တက်​​ရောက်ခဲ့​ကြောင်း ထွက်​ပေါ်လာခဲ့ပါတယ်။ ဒီသူ​ဌေးစုံတွဲရဲ့ သမီးဖြစ်သူကလည်း ထိုပွဲမှာ V ရယ် သူမအ​မေ Choi Yoon Jung တို့နဲ့ အတူရှိ​နေခဲ့တာကို မြင်​တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အဲ့ဒီပွဲမှာ V ဝတ်ဆင်လာတဲ့ ဟန်းချိန်းဟာ ထို ‘Paradise Group’ ရဲ့ သမီးဖြစ်သူ ဦးစီးလုပ်ကိုင်​နေတဲ့ brand ကဖြစ်တာကို မြင်​တွေ့ခဲ့ရတာ​ကြောင့် ​V နဲ့ ‘Paradise Group’ ရဲ့ သမီးဖြစ်သူတို့ တွဲ​နေကြတယ်ဆိုတဲ့ ကောလဟာလ​တွေက စတင်ထွက်​ပေါ်လာခဲ့တာဖြစ်ပါတယ်။ ​​ကောလဟာလ​တွေဟာ ထင်ထားတာထက် အချိန်တိုအတွင်း အွန်လိုင်း​ပေါ်မှာ အလျင်အမြန် ပျံ့နှံ့လာခဲ့တာ​ကြောင့် HYBE Label က တာဝန်ရှိသူတစ်ဦးဟာ ​ရှေ့ထွက်ပြီး ​ဖြေရှင်းခဲ့ရပါတယ်။

HYBE က “V နဲ့ ဥက္ကဌ Choi Yoon Jung မိသားစုဟာ အသိမိတ်​ဆွေ​တွေသာဖြစ်ကြပြီး ချစ်သူ​တွေဖြစ်​နေကြတဲ့ဆိုတဲ့ ​ကောလဟာလ​တွေဟာ မမှန်ကန်ပါဘူး” ဆိုပြီး ယတိပြတ် ငြင်းဆိုခဲ့ပါတယ်​။ ‘Paradise Group’ ဟာ ​တောင်ကိုရီးယားမှာ အကြီးဆုံးလုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး ‘Paradise City’ အမည်နဲ့ ဟိုတယ်​နဲ့ အပန်း​ဖြေစခန်းတွေအများကြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL