Korean Celebrity

“Strawberry Moon” ကို နားထောင်ရင်း ခံစားချက်တွေ ကွဲပြားနိုင်ကြောင်း ပြောခဲ့တဲ့ IU

IU ကတော့ သီချင်းလေးတွေကနေတဆင့် သူမရဲ့ခံစားချက်တွေကို ချိုမြိန်နဲ့အသံလေးနဲ့အတူ ဆရာကျကျ ဖော်ပြနိုင်သူလေးပါပဲ။ သီချင်းကောင်းပေါင်းများစွာ ဖန်တီးထားတဲ့ IU ဟာ မကြာခင်မှာတော့ “Strawberry Moon” ဆိုတဲ့ သီချင်းသစ်လေးကို ထုတ်ပေးတော့လည်းဖြစ်ပါတယ်။ အင်တာ‌ဗျူးတစ်ခုမှာပဲ သီချင်းသစ်လေးအကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတော့တယ်။

“ကျွန်မကလေ တအားကို ပေါ့ပေါ့ပါးပါးနဲ့ အေးဆေးမှုတွေပေးနိုင်တဲ့ သီချင်းလေးကို ဖန်တီးခဲ့ပါတယ်။ “Strawberry Moon” သီချင်းလေးကတော့ ကြားလိုက်တဲ့အခါမှာ တအားကြီး အတွေးနက်ရတာမျိုး.. တအားဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်တွေဖြစ်စေနိုင်တဲ့ သီချင်းမျိုးမဟုတ်ပါဘူး။

ပရိသတ်တွေ နားဆင်တိုင်း စိတ်သက်သာမှုတွေရရှိနိုင်မယ့် သီချင်းမျိုးလေးဖြစ်စေချင်ပါတယ်” ဆိုပြီး ဖြေဆိုပေးခဲ့ပါတယ်။ အရင်က IU ထွက်ခဲ့တဲ့သီချင်းလေးတွေထဲမှာ တွေးရင်တွေးနိုင်သလောက် ဝမ်းနည်းမှုတွေပေးနိုင်တဲ့ သီချင်းလေးတွေက များလှပါတယ်။ ဒါကြောင့်လည်း “Strawberry Moon” သီချင်းကတော့ အရင်ကနဲ့မတူဘဲ ကွဲပြားသွားမယ့်ပုံပါပဲ။

သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေအပေါ် IU ရဲ့ ခံယူချက်လေးကလည်း ကွဲပြားနေပြန်ပါတယ်။ IU ရဲ့ သီချင်းတွေက ခံစားချက်တွေ ထိရှကုန်တဲ့အဖြစ်ကိုလည်း IU က တွေးတော့ပြောခဲ့ပါတော့တယ်။ “သီချင်းတွေကိုနားထောင်ပြီး ရင်ထဲအသည်းထဲက ခံစားရတာဟာ တခြားသောအရာတွေနဲ့ အစားမထိုးနိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ။

ကိုယ့်ကိုကိုယ် ကျေနပ်အားရစွာ ဖန်တီးမှုတွေက အောင်မြင်မှုတစ်ခုဖြစ်သလို ပရိသတ်တွေရဲ့ တုန့်ပြန်ပြောဆိုမှုတွေကလည်း ကျွန်မကိုယ်ကျွန်မ နှိမ့်ချပြီး အရှိကိုအရှိအတိုင်း မြင်သာအောင် ကူညီပေးနေသလိုပါပဲ” လို့ လေးနက်စွာ ဖြေပေးခဲ့ပါတော့တယ်။

အခုအသစ်ထွက်မယ့် “Strawberry Moon” သီချင်းလေးကတော့ October 19 ရက်နေ့ ကိုရီးယားစံတော်ချိန်နဲ့ဆိုရင် ဉာဉ့်ဦးပိုင်းမှာ ထွက်လာမှာမို့လို့ ဘယ်လိုပုံစံလေးနဲ့ ညို့ငင်ထားဦးမလဲဆိုတာကို နားဆင်နိုင်ပါတော့မယ်။

Source: Soompi
Photos: Soomy
Translated by Julix