Korean Celebrity

အသက်ဆုံးရှုံးနိုင်​လောက်တဲ့ အ​ခြေအ​နေတွေကို ကြုံ​တွေ့ခဲ့ရဖူးတဲ့ K-Pop Idol များ

K-Pop Idol ​တွေရဲ့ ဘဝဟာ အ​ပေါ်ယံကြည့်ရင်​တော့ အားကျစရာ​ကောင်းပြီး ​ပျော်ရွှင်​နေတယ်လို့ ထင်ရ​ပေမဲ့ လူမသိနိုင်တဲ့ ပင်ပန်းဆင်းရဲမှု​တွေ၊ ဒုက္ခ​တွေ၊ ပြဿနာ​တွေရှိ​နေတတ်ပါတယ်။ ဒါ့အပြင် ဒီအလုပ်ဟာ အန္တရာယ်လည်း များပါတယ်။

ဒီ​နေ့မှာ​တော့ ကံတရား​ကြောင့်ပဲဖြစ်ဖြစ်၊ မ​တော်တဆပဲဖြစ်ဖြစ်၊ သူတစ်ပါးရဲ့ ပ​ယောဂ​ကြောင့်ဖြစ်ဖြစ် အသက်အန္တရာယ်ဆုံးရှုံးနိုင်​လောက်တဲ့ အ​ခြေအ​နေ​တွေကို ​တွေ့ကြုံခဲ့ရဖူးတဲ့ Idol ​တွေကို ​ဖော်ပြ​ပေူချင်ပါတယ်။ အဲ့ဒီ Idol ​တွေက​တော့

  1. TWICE အဖွဲ့ဝင် Nayeon

TWICE အဖွဲ့ဝင် Nayeon ဟာ ငယ်ငယ်က ကားမ​တော်တဆမှုတစ်ခု​ကို ကြုံ​တွေ့ခဲ့ရပါတယ်။ အဲ့ဒါ​ကြောင့် သူမရဲ့ ဘယ်ဘက်​ခြေ​ထောက်ကို ဆိုးဆိုးရွားရွား ထိခိုက်မိခဲ့ပြီး တစ်ခါတစ်ရံမှာ မတ်တပ်ရပ်​နေရင်း၊ က​နေရင်း မကြာခဏ ​ခြေ​ခွင်တာ၊ ယိုင်ကျတာမျိုးဖြစ်ပြီး ​ခြေ​ထောက်က အားအင်ချိနဲ့သလိုဖြစ်​နေတာမျိုးကို ​တွေ့မြင်ရမှာပါ။

ဒါ​ပေမဲ့ သူမရဲ့ အိပ်မက်ကို ရ​အောင် အ​ကောင်အ​ထည်​​ဖော်နိုင်ခဲ့ပြီး ခက်ခဲပင်ပန်းတဲ့ ​TWICE အဖွဲ့ရဲ့ ကကွက်​​တွေကို လိုက်ကနိုင်တာကို ကြည့်ခြင်းအားဖြင့် သူမရဲ့ စိတ်ဓါတ်က ဘယ်​လောက်ထိ ခိုင်မာပြီး ​လေးစားစရာ​ကောင်းလဲဆိုတာကို သိနိုင်ပါတယ်။

  1. Red Velvet အဖွဲ့ဝင် Wendy

Red Velvet အဖွဲ့ဝင် Wendy က​တော့ ၂၀၁၉ ခုနှစ် SBS Gayo Daejeon ပွဲမှာ Aladdin ဇာတ်ကားထဲက OST “Speechless” နဲ့ ​ဖျော်​ဖြေဖို့ ​ရီဟာဇယ်လုပ်​နေစဉ် ၁၀ ​ပေ​လောက်အမြင့်က​နေ ပြုတ်ကျခဲ့တာပါ။ သူမဟာ ဇာတ်ညွှန်းထဲမှာ ​ရေးသားထားတဲ့အတိုင်း အမြင့်က​နေ ​လှေကားနဲ့ ဆင်းလာရမှာဖြစ်​ပေမဲ့ ​လှေကားက အချိန်မှီသူမဆီကို ​ရောက်မလာပဲ ပတ်ဝန်းကျင်ကလည်း ​မှောင်​နေတာ​ကြောင့် ပြုတ်ကျခဲ့ရတာပါ။ ဒီအတွက်​ကြောင့် အရိုးကျိုးဒဏ်ရာနဲ့ မျက်နှာမှာလည်း ဒဏ်ရာဆိုးဆိုးဝါးဝါးရရှိခဲ့ပြီး ၉ လနီးပါး အနားယူခဲ့ရပါတယ်။

  1. IZ*ONE အဖွဲ့ဝင်​​ဟောင်း Yena

Yena က​တော့ ငယ်ငယ်တုန်းက Lymphoma လို့​ခေါ်တဲ့ ကင်ဆာ​ရောဂါတစ်မျိုးကို အပြင်းအထန်ခံစားခဲ့ရပြီး ​ဆရာဝန်​တွေက​တောင် မိသားစုကို လက်​​လျှော့ခိုင်းခဲ့ပါတယ်။ ဒါ​ပေမဲ့ သူမရဲ့ အ​ဖေနဲ့အ​မေက မနက်ပိုင်း Kimbap ​ရောင်းရင်း သူမအတွက် ​ဆေးရုံစရိတ်ကို ရှာပြီး ​ဆေးဆက်ကု​ပေးခဲ့ပါတယ်။ အခု​တော့ ကံ​ကောင်းစွာပဲ ကင်ဆာ​ရောဂါကို အနိုင်ယူနိုင်ခဲ့ပြီး မိဘ​ကျေးဇူးကို ပြန်ဆပ်နိုင်တဲ့ သမီး​လေးဖြစ်​နေပါပြီ။

  1. BTS အဖွဲ့ဝင် Suga

BTS အဖွဲ့ဝင် Suga ဟာ အခုချိန်မှာ ကမ္ဘာ​ကျော်စတားတစ်​ယောက်ဖြစ်​ပြီး ဘီလီယံချီချမ်းသာနေ​ပေမဲ့ သင်တန်းသားဘဝတုန်းက စားဝတ်​နေ​ရေးအတွက် အချိန်ပိုင်းအလုပ်​တွေကို လုပ်ခဲ့ရပါတယ်။ ကံမ​ကောင်းစွာပဲ ပစ္စည်းပို့သမားအဖြစ် အလုပ်လုပ်​နေစဉ် တစ်​နေ့မှာ ကားတိုက်ခံလိုက်ရပြီး ကားဘီးထဲ ညပ်ပါသွားတာ​ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီ​နောက်ပိုင်းက စလို့ BigHit က သူ့အတွက် ပညာသင်စရိတ်​​ကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။ Suga ဟာ မနှစ်က ထိုကားအက်စီးဒန့်​ကြောင့် အရှင်းမ​ပျောက်​သေးတဲ့ ပုခုံးဒဏ်ရာအတွက် ခွဲစိတ်ကုသမှုကိုလည်း ခံယူခဲ့ရပါ​သေးတယ်။

  1. EXO အဖွဲ့ဝင် Lay

Lay က​တော့ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံမှာ “Go Fighting” variety show ကို ရိုက်ကူး​နေတုန်း အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာ​ကြောင့် မူးလဲသွားခဲ့ပြီး ​ဆေးရုံတင်ခဲ့ရပါတယ်။ ဒါ့အပြင် ထိုနှစ်ထဲမှာပဲ “Old Nine Gates” web drama ကို ရိုက်ကူး​နေစဉ် ​မော်​​​တော်ဆိုင်ကယ်​ပေါ်က ပြုတ်ကျခဲ့ပါ​သေးတယ်။ ဒါ​​ပေမဲ့ ကံ​ကောင်း​ထောက်မစွာနဲ့ အသက်အန္တရာယ်မရှိခဲ့သလို ဆိုးဆိုးရွားရွား ဒဏ်ရာမရရှိခဲ့ပါဘူး။

  1. TVXQ အဖွဲ့ဝင် Yunho

Yunho က​တော့ သူ့ကို မုန်း​နေတဲ့ anti fan တစ်​ယောက်လုပ်ကြံတာ​ကို ခံခဲ့ရတာပါ။ ထို anti fan က စူပါဂလူး​ရောထားတဲ့ လိ​​မ္မော်ရည်ကို သူ့ကို တိုက်ခဲ့တာဖြစ်ပါတယ်။ Yunho က​တော့ လိ​မ္မော်ရည်ကို ဝန်ထမ်းတစ်​ယောက်​ယောက်က ​ပေးတယ် ထင်လို့သောက်ခဲ့ပြီး​နောက် ​နေရတာတစ်မျိုးကြီးဖြစ်လာခဲ့တဲ့အတွက် လိ​မ္မော်ရည်ကို နမ်းကြည့်တဲ့အခါမှာမှ ဓါတုပစ္စည်းတစ်ခုခုရဲ့ အနံ့ရ​နေတာကို သတိထားမိခဲ့ပါတယ်။

အဲ့အတွက် ​ရက်အနည်းငယ် ဆေးရုံတက်ခဲ့ရပြီး လိ​​မ္မော်ရည်နဲ့ ပတ်သက်ပြီး ရလာတဲ့ trauma ကိုလည်း အချိန်အ​တော်ကြာ ကုသခဲ့ရပါတယ်။ ​​နောက်ပိုင်း အဲ့ဒီ anti fan က ရဲစခန်းမှာ လာ​​ရောက်ဝန်ခံခဲ့​ပေမဲ့ Yunho က သူမကို အ​ရေးမယူပဲ ခွင့်လွှတ်​ပေးခဲ့ပါတယ်။

Source : YouTube
Photo : Pinterest
Written : ZL